
ပရီးမီးယားလိဂ်ထိပ်တန်းကလပ်များဖြစ်သည့် ချယ်လ်ဆီး၊ မန်ယူနှင့် စပါးအသင်းတို့သည် ဘိုင်ယန်မြူးနစ်တောင်ပံကစားသမား ဆာနေးအား ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရှိရသည်။
ဂျာမန်တောင်ပံကစားသမား ဆာနေး(၂၈ နှစ်)သည် ယခုရာသီကုန်တွင် ဘိုင်ယန်မြုးနစ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးမှုမှာ အဆင်မပြေဖြစ်နေကြောင်း သိရသည်။
ယင်းအခြေအနေတွင် ၎င်းအား ခေါ်ယူရန် ပရီးမီးယားလိ်ဂ်ထိပ်သီးကလပ်များ အပါအဝင် ဘာစီလိုနာအသင်းက စောင့်ကြည့်နေကြောင်း သိရသည်။
ဆာနေးသည် မန်စီးတီးအသင်းတွင် ကစားခဲ့ဖူးသူဖြစ်ပြီး လာမည့်နွေတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရနိုင်သဖြင့် ၎င်းကို ခေါ်ယူလိုသည့်အသင်းများစွာရှိကြောင်း သိရသည်။
ဆာနေးသည် ယခုရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွွဲစုံ ၁၈ ပွဲကစားထားပြီး ၅ ဂိုးသွင်းယူပေးထားသည်။