
အက်စတွန်ဗီလာ နှင့် ဘရိုက်တန် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၁၅ နာရီ)
ဘရိုက်တန်မှာ လှပတဲ့ ကစားဟန်ရှိပေမယ့် အားပျော့တဲ့အသင်းတစ်သင်းဆိုတာကိုလည်း မြင်နေရတယ်။ ကစားသမားတချို့ ပြန်စုံလာတဲ့အတွက် အားကောင်းသလို တိုက်စစ်ပိုင်းလည်း အရည်အသွေးမြင့်ပေမယ့် ခံစစ်က ပြဿနာတက်နေတယ်။ ဗီလာနဲ့ ဘရိုက်တန်က ခြေမကွာပေမယ့် ဗီလာက ပိုမာကျောပြီး အရည်အသွေးပိုမြင့်ပါတယ်။ ဗီလာကိုပဲ ကြိုက်တယ်။
အစ်ဝစ်ချ် နှင့် ချယ်လ်ဆီး (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၁၅ နာရီ)
ကီရင်မက်ကန်နာရဲ့ အစ်ဝစ်ချ်က ပွဲအတော်များများမှာ ပိတ်ဆို့ကစားမယ့်အစား တိုက်စစ်ပုံစံကိုပဲ ပြသနိုင်ဖို့ ကြိုးစားလေ့ရှိတဲ့အသင်းပါ။ နောက်ပိုင်းတော့ လက်တွေ့ဆန်တာကို နည်းနည်းလေး ဦးစားပေးဖို့ ကြိုးစားလာတာတွေ့ရတယ်။ လက်ရှိ ချယ်လ်ဆီးရဲ့ ခြေစွမ်း၊ တိုက်စစ်နဲ့ ယုံကြည်မှုတွေက အစ်ဝစ်ချ်အတွက် ယှဉ်ကစားဖို့ ခက်ခဲတဲ့အခြေအနေပါ။ ချယ်လ်ဆီးကိုပဲ ကြိုက်တယ်။
မန်ယူ နှင့် နယူးကာဆယ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၃၀ နာရီ)
မန်ယူနိုက်တက်အသင်းက Boxing Day နေ့မှာ ဝုလ်ဗ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီးတဲ့နောက် ပွဲကျပ်တစ်ပွဲအဖြစ် နယူးကာဆယ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်။ ဒီပွဲအပြီးမှာလည်း နောက်ထပ်ပွဲကျပ်တွေ စောင့်ကြိုနေလို့ မန်ယူနိုက်တက် အသင်းနည်းပြသစ် အာမိုရင်မ်အတွက်တော့ ခက်ခဲမယ့် ပွဲစဉ်တွေလို့ ဆိုရမယ်။ နယူးကာဆယ်က မာကျောပြီး ဖြိုလှဲရခက်တဲ့ အသင်းဖြစ်သလို၊ ကွင်းလယ်မှာလည်း တိုနယ်လီဆီက အကောင်းဆုံးပုံစံကို မြင်နေရတယ်။ တိုက်စစ်ပိုင်းမှာ အီဆက်ခ်က ဂိုးတွေဆက်တိုက်သွင်းနေပြီး ခံစစ်ပိုင်းကတော့ စိတ်မချရဘူး။ နယူးကာဆယ်ခံစစ်ရဲ့အားနည်းမှုကိုသာ အသုံးချနိုင်ရင် အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ မန်ယူနိုက်တက်အသင်း ရလဒ်ကောင်းကို ပိုင်ဆိုင်နိုင်ပါတယ်။ ဒါပေမဲ့ လက်ရှိ မန်ယူနိုက်တက်ရဲ့ ပုံစံက စိတ်မချရတဲ့ အနေအထားဖြစ်နေတာကြောင့် နယူးကာဆယ်ကို ကြိုက်တယ်။
ကိုမို နှင့် လက်ချီ (မြန်မာစံတော်ချိန် တနင်္လာည ၁၂းဝ၀ နာရီ)
ကိုမိုက နိုင်ပွဲပျောက်နေရာကနေ အိမ်ကွင်းနောက်ဆုံးပွဲမှာ ရိုးမားကို အနိုင်ကစားခဲ့တယ်။ လက်ချီက အဝေးကွင်းအားနည်းချက်များပါတယ်။ ကိုမိုဘက်က ရပ်တည်သင့်တယ်။ ဂိုးအနည်းကို ကြိုက်တယ်။
ဘိုလော့ဂ်နာ နှင့် ဗီရိုနာ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၁၅ နာရီ)
ဘိုလော့ဂ်နာက ရာသီအစကလိုမဟုတ်တော့ဘူး။ တည်ငြိမ်တဲ့ ပုံစံတစ်ခုကို ပြသလာနိုင်ပြီး ဥရောပဝင်ခွင့်ကိုပါ မျှော်လင့်လို့ရတဲ့ အနေအထားရောက်လာခဲ့တယ်။ ဗီရိုနာက တန်းဆင်းဇုန်က လွတ်ဖို့ကြိုးစားနေပေမဲ့ ထင်သလောက်မဟုတ်သေးပါဘူး။ ဘိုလော့ဂ်နာကို ကြိုက်တယ်။