Eleven Media Group

ကစားသမားဘဝမှ အနားယူပြီးလျှင် အသင်းကြီးတစ်သင်း၏ အသင်းပိုင်ရှင်ဖြစ်လာမည်ဟု စီရော်နယ်လ်ဒို အရိပ်အမြွက်ပြောကြား

Photo: Cristiano Ronaldo X

ဆော်ဒီကလပ် အယ်လ်နာဆာ အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုက ကစားသမားဘဝမှ အနားယူပြီးလျှင် အသင်းကြီးတစ်သင်း၏ အသင်းပိုင်ရှင်ဖြစ်လာမည်ဟု အရိပ်အမြွက် ပြောကြားသည်။
ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့၌ ကျင်းပသည့် Globe Soccer Awards ဆုပေးပွဲသို့ တက်ရောက်စဉ် စီရော်နယ်လ်ဒိုက အနာဂတ်အစီအစဉ်နှင့်ပတ်သက်၍ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
''ကျွန်တော်က နည်းပြတစ်ယောက်မဟုတ်ပါဘူး။ ကျွန်တော်က ဘယ်တော့မှ နည်းပြတစ်ယောက်ဖြစ်လာမှာ မဟုတ်ပါဘူး။ ကလပ်အသင်းဥက္ကဋ္ဌလား။ မဖြစ်နိုင်ပါဘူး။ အသင်းပိုင်ရှင်တော့ ဖြစ်နိုင်ပါတယ်။ အဲဒါက မှန်ကန်တဲ့အခွင့်အလမ်း၊ အခြေအနေတွေအပေါ် မူတည်မှာပါ။ ကျွန်တော်က အရမ်းငယ်ပါသေးတယ်။ ကျွန်တော့်မှာ စိတ်ကူးအိပ်မက်နဲ့ အစီအစဉ်တွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့်စကားကို မှတ်ထားပါ။ ကျွန်တော်က ထိပ်တန်းအသင်းကြီးတစ်သင်းရဲ့ အသင်းပိုင်ရှင်ဖြစ်လာမှာပါ။ သေချာပါတယ်'' ဟု ၎င်းက ဆိုသည်။
ထို့ပြင် အသင်းဟောင်း မန်ယူနှင့်ပတ်သက်၍ စီရော်နယ်လ်ဒိုက '' ပြဿနာက နည်းပြတွေ မဟုတ်ပါဘူး။ အဲဒါက ငါးပြတိုက်လိုပဲ။ အထဲမှာရှိတဲ့ငါးက နေမကောင်းရင် ခင်ဗျားက သူ့ကိုထုတ်ပြီး ပြဿနာကိုဖြေရှင်းတယ်။ သူ့ကို ငါးကန်ထဲထပ်ပြီးထည့်လိုက်ရင် သူတို့တွေ ထပ်ပြီးတော့ နေမကောင်းဖြစ်ဦးမှာပါ။ မန်ချက်စတာယူနိုက်တက်ရဲ့ပြဿနာက အတူတူပါပဲ။ ပြဿနာက နည်းပြမဟုတ်ပါဘူး။ အဲဒါထက် အများကြီးပိုပါတယ်။ ကျွန်တော်သာ အသင်းရဲ့ပိုင်ရှင်ဆိုရင် မကောင်းဘူးထင်တဲ့အရာတွေကို ရှင်းပစ်မှာပါ'' ဟု မှတ်ချက်ပြုခဲ့သည်။

မူရင်းသတင်း — Eleven Media Group