Eleven Media Group

■ အီတလီစူပါဖလား ဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

ဂျူဗင်တပ်စ် - အေစီမီလန် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၄ ရက် နံနက် ၂:၁၅ နာရီ)
နည်းပြ မော့တာရဲ့ ဂျူဗင်တပ်စ်က ဒီရာသီထိပ်သီးတွေနဲ့ ရင်ဆိုင်ရတဲ့ပွဲတွေမှာ ရှုံးပွဲမရှိသေးဘူး။ ပြည်တွင်းပွဲတွေမှာ မီလန်(၂)သင်းနဲ့ နာပိုလီကို သရေကစားခဲ့တယ်။ ဂျူဗင်တပ်စ်ရဲ့ ကွင်းတွင်းစွမ်းဆောင်ရည်ကိုကြည့်ရင်လည်း နောက်ပိုင်းပွဲတွေမှာ အတော်လေးတိုးတက်လာတာတွေ့ရတယ်။ အေစီမီလန်ကတော့ တည်ငြိမ်မှုကင်းမဲ့နေတုန်းပဲ။ အထူးသဖြင့် ပြိုင်ဘက်ကောင်းတွေနဲ့ရင်ဆိုင်တဲ့ပွဲတွေဆို အေစီမီလန်အသင်း အတော်လေး ရုန်းကန်လာရပြီး တိုက်စစ်ကလည်း သွင်းဂိုးတွေ အတွက် ခက်ခဲနေဆဲလို့ ဆိုရမယ်။ မိနစ် (၉၀)အတွင်း ဂျူဗင်တပ်စ် သရေနဲ့ အနိုင်ပဲ။

မူရင်းသတင်း — Eleven Media Group