Eleven Media Group

■ ကျေနပ်စရာ အခိုက်အတန့်များနှင့် ၂၀၂၄ မြန်မာအားကစားမှတ်တမ်းများ

၂၀၂၄ ခုနှစ်တွင် ဆီးဂိမ်းစ်ပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲကဲ့သို့ နိုင်ငံတကာပြိုင်ပွဲကြီးများမရှိသော်လည်း မြန်မာအားကစားအဖွဲ့များသည် သက်ဆိုင်ရာအားကစားနည်းအလိုက် ပြည်ပပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ မြန်မာ့အားကစား၏ လက်ရှိပကတိအခြေအနေကိုကြည့်လျှင် အားရစရာအနေအထားမရှိသော်လည်း အားကစားနည်းအချို့တွင်မူ အောင်မြင်မှုနှင့် တိုးတက်မှုလမ်းကြောင်းများ တွေ့မြင်နေရသည်။ အလားတူ ၂၀၂၄ ခုနှစ်အတွင်း မြန်မာ့အားကစားလောက၏ ဖြတ်သန်းရာကိုကြည့်လျှင် အားရစရာမကောင်းသော်လည်း ကျေနပ်စရာအခိုက်အတန့်များရှိသည်ကိုတော့ လက်ခံရမည်ဖြစ်သည်။ ထို့ကြောင့် ကျေနပ်စရာအခိုက်အတန့်များဖြစ်ခဲ့သည့် ၂၀၂၄ မြန်မာအားကစားမှတ်တမ်းများကို ဖော်ပြပေးလိုက်ပါသည်။

မူရင်းသတင်း — Eleven Media Group