Eleven Media Group

■ ပရီးမီးယားလိဂ်ပွဲစဉ် (၂၀) ပွဲကြိုသုံးသပ်ချက်

Photo: AFP

ဖူလ်ဟမ် - လက်စတာ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၅ ရက် ည ၈:၃၀ နာရီ)
ချယ်လ်ဆီးအသင်းကို နှစ်ပွဲဆက် ရှုံးပွဲတွေ့စေခဲ့တဲ့ နှစ်သင်းတွေ့ဆုံနေတာဖြစ်ပါတယ်။ အစ်ဝစ်ချ်အသင်းက အဝေးကွင်းပွဲကျပ်တွေ ဆက်တိုက်ကစားခဲ့ရပေမဲ့ ရလဒ်ပိုင်းအရတော့ တန်းတက်အသင်းတစ်သင်းအတွက် အတော်လေးကောင်းတယ်လို့ ပြောရလိမ့်မယ်။ ဖူလ်ဟမ်ကလည်း အိမ်ကွင်း(၃)ပွဲဆက် သရေကျထားတယ်။ ဖူလ်ဟမ် ဂိုးပြတ်နိုင်ဖို့ မဖြစ်နိုင်ဘူး။


လီဗာပူးလ် - မန်ယူ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၅ ရက် ည ၁၁:၀၀ နာရီ)
မန်ယူနိုက်တက်အသင်းရဲ့ လက်ရှိအခြေအနေက အတော်လေးကျဆင်းနေတယ်။ ဒီနေရာမှာ ကစားသမားတစ်ဦးချင်းစီရဲ့ခြေစွမ်းပိုင်းထက် ယုံကြည်မှုပျောက်ဆုံးနေတာက အဓိကပြဿနာဖြစ်နေတယ်။ အခုဆုံတွေ့မှာက ဇယားထိပ်ဆုံးက လီဗာပူးလ်အသင်းနဲ့ဖြစ်ပြီး ဥရောပထိပ်တန်းလိဂ် ငါးခုမှာ လတ်တလော စွမ်းဆောင်ရည်အကောင်းဆုံးအသင်းလည်း ဖြစ်သလို၊ ကစားရမှာကလည်း အန်ဖီးလ်ကွင်းဖြစ်လို့ မန်ယူနိုက်တက်အဖို့တော့ မျှော်လင့်ချက်မရှိသလောက်ပါပဲ။ လီဗာပူးလ်အသင်း ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလမှာ ပရီးမီးယားလိဂ် သုံးပွဲဆက် ဂိုးပြတ်အနိုင်ရထားပြီး နောက်ကလိုက်နေတဲ့ အသင်းတွေ ခြေချော်နေကြလို့ အမှတ်က ပြန်ကွာသွားခဲ့တယ်။ မန်ယူနိုက်တက်အသင်းအနေနဲ့ ဖောင်ဖျက်ကစားရမယ့် အနေအထားဖြစ်တာကို ထည့်တွက်ရမယ်။ လီဗာပူးလ်အသင်း ဂိုးမပြတ်လောက်ဘူး။

မူရင်းသတင်း — Eleven Media Group