
မွန်ဇာ - ကာဂလီယာရီ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၅ ရက် ည ၆:၀၀ နာရီ)
မွန်ဇာက တကယ့်ကို ဆိုးရွားနေပြီး လက်ရှိအချိန်အထိ နိုင်ပွဲ (၁)ပွဲပဲ ရသေးတယ်။ ကာဂလီယာရီကလည်း အဝေးကွင်း အရမ်းညံ့တယ်။ ဒီပွဲတော့ မွန်ဇာ နိုင်ပွဲပြန်ရသင့်ပါပြီ။ (၂-၁) လောက်ဖြစ်နိုင်တယ်။
လက်ချီ - ဂျီနိုအာ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၅ ရက် ည ၈:၃၀ နာရီ)
လက်ချီက နောက်ဆုံး (၂)ပွဲဆက်ရှုံးပြီး တန်းဆင်းဇုန်နား ရောက်သွားတယ်။ ဂျီနိုအာကတော့ တိုးတက်လာတဲ့အသင်းပါ။ ဂျီနိုအာ သရေနဲ့ အနိုင်ပါပဲ။
တိုရီနို - ပါးမား (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၅ ရက် ည ၁၁:၃၀ နာရီ)
တိုရီနိုက စီးရီးအေအိမ်ကွင်းနောက်ဆုံး (၄)ပွဲဆက်နိုင်ပွဲ ပျောက်နေပြီး အဲဒီ(၄)ပွဲမှာ ဂိုးမသွင်းနိုင်တဲ့ပွဲက (၃)ပွဲရှိခဲ့တယ်။ ပါးမားကတော့ အဝေးကွင်းနောက်ဆုံး (၂)ပွဲဆက် ရှုံးခဲ့ပေမဲ့ အင်တာမီလန်၊ ရိုးမားတို့လိုအသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ပါးမားကို ကြိုက်တယ်။
ရိုးမား - လာဇီယို (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၆ ရက် နံနက် ၂:၁၅ နာရီ)
ရောမဒါဘီနောက်ပိုင်းတွေ့ဆုံမှုတွေကိုကြည့်ရင် သွင်းဂိုးတွေ သိပ်မတွေ့ရတော့ဘူး။ (၂)သင်းတွေ့ဆုံတဲ့ နောက်ဆုံး (၅)ပွဲဆက် (၂)သင်းပေါင်းသွင်းဂိုးက (၁)ဂိုးနဲ့အောက်ပဲ ရှိခဲ့တယ်။ ရာနီရေးရီကိုင်တွယ်နေတဲ့ ရိုးမားက တည်ငြိမ်မှုနည်း ပါးနေသေးတယ်ဆိုပေမဲ့ တိုးတက်လာတဲ့ ပုံစံတွေ့ရတယ်။ အထူးသဖြင့် အိမ်ကွင်းပွဲတွေဆို ရိုးမားရဲ့ ကစားပုံက ပိုအားကောင်းလာတယ်။ လာဇီယိုကလည်း အသင်းကောင်းတစ်သင်းဖြစ်ပြီး ပွဲကျပ်ကာလကို ဖြတ်သန်းခဲ့ရတယ်။ ဒါပေမဲ့ ရိုးမားကို ကြိုက်တယ်။