
လန်းစ် - တူးလူး (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၅ ရက် ည ၈:၃၀ နာရီ)
လက်ရှိခြေစွမ်းအရ (၂)သင်းအကြား ကွာဟချက် သိပ်မရှိပါဘူး။ ဒါပေမဲ့ နောက်ပိုင်းနှစ်တွေ့ဆုံမှုတွေမှာ လန်းစ်က တူးလူးကို သိသိသာသာအသာရခဲ့ပြီး နောက်ဆုံး (၆)ပွဲဆက် နိုင်ခဲ့တယ်။ ဒီပွဲလည်း လန်းစ်ကိုပဲ ကြိုက်တယ်။
အန်ဂါစ် - ဘရက်စ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၅ ရက် ည ၈:၃၀ နာရီ)
အန်ဂါစ်က နောက်ဆုံး (၅)ပွဲမှာ (၄)ပွဲရှုံးပြီး တန်းဆင်းဇုန်နားရောက်သွားတယ်။ ဘရက်စ်ကလည်း အဝေးကွင်းအရမ်းညံ့တယ်။ အန်ဂါစ်ကိုပဲ ရွေးချင်တယ်။
စထရာဘိုး - အော်ဇေး (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၅ ရက် ည ၁၀:၃၀ နာရီ)
စထရာဘိုးက တည်ငြိမ်ဖို့ ကြိုးစားနေရတဲ့အသင်းပါ။ အော်ဇေးကလည်း ဥရောပဝင်ခွင့်ပစ်မှတ်ထားခဲ့ပေမဲ့ နောက်ဆုံး (၃) ပွဲဆက် နိုင်ပွဲပျောက်ခဲ့တယ်။ သရေကျဖို့များတယ်။ ဂိုးအနည်းကို ပိုကြိုက်ပါတယ်။
မာဆေးလ် - လူအယ်ဗာ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၆ ရက် နံနက် ၂:၁၅ နာရီ)
နည်းပြ ဒီဇယ်ဘီရဲ့ မာဆေးလ်က နောက်ပိုင်းပွဲတွေမှာ ဟန်ချက်ညီတဲ့ ပုံစံတစ်ခုကို ပြသနေပြီး လန်းစ်၊ မိုနာကိုတို့လို ပြိုင်ဘက်ကောင်းတွေကိုလ အနိုင်ယူခဲ့တယ်။ နောက်ဆုံးပွဲမှာ လိုင်လီနဲ့သရေကျခဲ့ပေမဲ့လည်း မာဆေးလ်ရဲ့ ကွင်းတွင်းခြေစွမ်းက မညံ့ခဲ့ဘူး။ လူအယ်ဗာကတော့ အတော်လေးကို ဆိုးရွားလွန်းနေပြီး အဆင်း (၁၇)နေရာ တန်းဆင်းဇုန်ထဲရောက်နေတယ်။ လီဂူးနောက်ဆုံး (၁၂)ပွဲမှာ (၁၀)ပွဲအထိ ရှုံးခဲ့ပြီး တိုက်စစ်ကလည်း အရမ်းအားနည်းတယ်။ ကစားခဲ့တဲ့ လီဂူးနောက်ဆုံး (၁၂)ပွဲမှာ (၅)ဂိုးပဲ သွင်းနိုင်ခဲ့တယ်။ မာဆေးလ်အသင်း ဂိုးပြတ်နိုင်လိမ့်မယ်။