
နယ်သာလန်ရဲ့အပြင်ဘက်မှာ စွန့်စားခန်းတွေဖွင့်မယ်လို့ တင်မ်ဘာ ခပ်ရဲရဲတွေးခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့အမြွာညီအစ်ကိုနဲ့ ပထမဆုံး ခွဲခဲ့ရတယ်။ အရင်တုန်းကဆိုရင် တင်မ်ဘာတို့ အမြွှာညီအစ်ကိုက တစ်သင်းတည်းကစားနေကျ၊ အသက်လေးနှစ်အရွယ်လောက်ကစလို့ သူတို့နှစ်ဦးတစ်သင်းတည်း ကစားခဲ့တာပါပဲ။