Eleven Media Group

ဖလား (၃)လုံးရရှိခဲ့သည့်ရာသီက ဂရီးလစ်ရှ်ကို ပြန်လည်မြင်တွေ့လိုသည်ဟု ဂွါဒီယိုလာဆိုခဲ့ပြီး သူ၏နေရာအတွက် တိုက်ပွဲဝင်ရန် တိုက်တွန်းစကားဆို

Photo: X

မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ဂွါဒီယိုလာက အသင်း၏ အင်္ဂလန်လက်ရွေးစင်တောင်ပံကစားသမား ဂျက်ဂရီးလစ်ရှ်အား ဖလား (၃)လုံး ရာသီက ခြေစွမ်းမျိုးဖြင့် ပြန်လည်မြင်တွေ့လိုသည်ဟုဆိုခဲ့ပြီး ဂရီးလစ်ရှ်အနေဖြင့် သူ၏နေရာအတွက် တိုက်ပွဲဝင်ရန်လိုအပ်ကြောင်း တိုက်တွန်းစကား ဆိုခဲ့သည်။
အသက် (၂၉)နှစ်အရွယ်ရှိ ဂရီးလစ်ရှ်သည် ယခုရာသီတွင် ကစားခဲ့သည့် မန်စီးတီးအသင်း၏ ပရီးမီးယားလိဂ်ပွဲစဉ် (၂၀)ပွဲတွင် (၁၄)ပွဲအထိ ကစားခွင့်ရရှိခဲ့သော်လည်း ပွဲထွက်ကစားခွင့်ရသည့် အရေအတွက်မှာ (၆)ပွဲသာရှိခဲ့ကြောင်းလည်း သိရှိရသည်။
ဂွါဒီယိုလာက ''ဖလား (၃)လုံးရတဲ့ ရာသီက ဂရီးလစ်ရှ်ကို ပြန်မြင်ချင်သလားဆိုရင် ကျွန်တော် ဝန်ခံပါတယ်။ ကျွန်တော် တကယ်ကို လိုချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ရိုးရိုးသားသားပြောပါမယ်။ သူတို့ တိုက်ပွဲဝင်ဖို့ လိုအပ်ပါတယ်။ ဂရီးလစ်ရှ် ပွဲထွက်ခွင့်သိပ်မရခြင်းအတွက် မမျှတဘူးလို့ ခင်ဗျားတို့ ထင်ရင် ကျွန်တော့်ဘက်ကတော့ အိုခေပါ။ ဒါပေမဲ့ ကျွန်တော် ပြောချင်တာကတော့ ကျွန်တော့်ကို သက်သေပြပါ။ သူ့အနေနဲ့ ဆာဗင်ညိုနဲ့ တိုက်ခိုက်ရပါလိမ့်မယ်။ ဆာဗင်ညိုထက် ဒီနေရာနဲ့ ပိုထိုက်တန်ကြောင်း သက်သေပြဖို့ လိုပါတယ်။ နေ့တိုင်း၊ လေ့ကျင့်ခန်း အစီအစဉ်တိုင်း၊ ပွဲစဉ်တိုင်းမှာ သူ့အနေနဲ့ တိုက်ပွဲဝင်ဖို့လိုပါတယ်''ဟု ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group