
■ ဘီလ်ဘာအို နှင့် ဘာစီလိုနာ
ဘီလ်ဘာအိုက ဘာစီလိုနာနဲ့ကစားတဲ့ နောက်ပိုင်းပွဲတွေမှာ အတော်လေး ရုန်းကန်လာရတာကို တွေ့ရတယ်။ ဒါပေမဲ့ လက်ရှိ (၂)သင်းအကြား ရလဒ်ပိုင်းတွေကို ကြည့်ရင်တော့ ဘီလ်ဘာအိုက ပိုကောင်းတယ်လို့တောင်ဆိုရမယ်။ ဒါ့အပြင် ဘဏ္ဍရေးပြဿနာတွေနဲ့ ကြုံတွေ့နေရတာကြောင့် ဘာစီလိုနာအသင်းအနေနဲ့ ကွင်းတွင်းခြေစွမ်းကို ထိခိုက်မှုမရှိအောင် ကစားရမယ့်ပွဲလည်း ဖြစ်တယ်။ ဒီပွဲမှာ ဘီလ်ဘာအိုရဲ့တောင်ပံတိုက်စစ်တွေကို ဘာစီလိုနာအသင်းအနေနဲ့ ခက်ခက်ခဲခဲ ထိန်းချုပ်ရဖို့များတယ်။ မိနစ်(၉၀)အတွင်း အရှုံးအနိုင် အဖြေပေါ်ဖို့ခက်ပြီး အပြန်အလှန်သွင်းဂိုးတွေကို မြင်ရနိုင်တယ်။
- ဘီလ်ဘာအိုအသင်း၏ ပြိုင်ပွဲစုံနောက်ဆုံး (၅)ပွဲတွင် (၄)ပွဲမှာ (၂)သင်း ပေါင်းသွင်းဂိုး (၂)ဂိုးနှင့်အောက်သာရှိခဲ့သည်။
- ဘာစီလိုနာအသင်း၏ စပိန်စူပါဖလားနောက်ဆုံး (၈)ပွဲတွင် (၆)ပွဲမှာ (၂) သင်းပေါင်းသွင်းဂိုး (၄)ဂိုးနှင့်အထက်ရှိခဲ့သည်။
- ဘာစီလိုနာအသင်းသည် ဘီလ်ဘာအိုနှင့်တွေ့ဆုံသည့် ပြိုင်ပွဲစုံနောက်ဆုံး (၇)ပွဲတွင် (၁)ပွဲသာရှုံးခဲ့ပြီး (၅)ပွဲအနိုင်ရခဲ့သည်။