
ဘာပေနဲ့ပတ်သက်ရင် အမှတ်ရဖို့ အကောင်းဆုံးက ယုံကြည်စိတ်လွန်ကဲနေသူ၊ ခြေစွမ်းကောင်းသလောက် တစ်ကိုယ်ရည်စာအရည်အသွေးကို လိုတာထက် ပိုထုတ်ပြချင်သူဆိုတဲ့ စရိုက်ကို တွေ့ရမယ်။ ဒါကြောင့် တစ်ခါတစ်ရံ တစ်ကိုယ်ကောင်းဆန်ပြီး အတ္တကြီးတဲ့ကစားသမားအဖြစ် မြင်ရလေ့ ရှိတယ်။ ဂန္ထဝင်ကစားသမား အီဗရာဟီမိုဗစ်ကတော့ သွင်းဂိုးတွေနဲ့ ပေါက်ကွဲအားကောင်းတဲ့ ကစားပုံကြောင့် ဘာပေကို ကြိုက်တယ်လို့ ဆိုခဲ့ဖူးတယ်။