Eleven Media Group

အစွန့်ပစ်ခံ မူဒရစ် (Life)

Photo : X

မူဒရစ်အတွက်တော့ ငရဲကျသလို နေ့ရက်တွေနဲ့ ရင်ဆိုင်နေရချိန်လို့ ဆိုရမလားပဲ။ တားမြစ်ဆေးပြဿနာကြောင့် ပွဲကစားခွင့် ပိတ်ပင်ခံထားရချိန်မှာ ချစ်သူကလည်း စွန့်ပစ်သွားခဲ့တာကြောင့်ပါ။ သစ်စိမ်းချိုးချိုးသွားရုံတင် မဟုတ်ဘဲ တခြားဘောလုံးသမားတစ်ယောက်ရဲ့ရင်ခွင်ထဲ ရောက်သွားတာကတော့ မူဒရစ်အတွက် ပိုပြီး နာကျင်စရာပါ။ မူဒရစ်ဆိုတာက ၂၀၂၃ ဇန်နဝါရီမှာ ရှက်တာဒိုးနက်ကနေ ချယ်လ်ဆီးကို ပြောင်းရွှေ့ခဲ့တဲ့ ယူကရိန်းလက်ရွေးစင် တောင်ပံကစားသမားပါ။

မူရင်းသတင်း — Eleven Media Group