
အမ်ပိုလီ - လက်ချီ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၁ ရက် ည ၈:၃၀ နာရီ)
ဒီ (၂)သင်းတွေ့ဆုံတဲ့ စီးရီးအေနောက်ဆုံး (၅)ပွဲက (၂) သင်းပေါင်းသွင်းဂိုး (၂)ဂိုးနဲ့ အောက်ပဲ ရှိခဲ့တယ်။ အမ်ပိုလီကွင်းမှာ ကစားရမှာဖြစ်ပေမဲ့ တန်းဆင်းဇုန်ထဲက ရုန်းထွက်ဖို့ ကြိုးစားမယ့် လက်ချီကို ကြိုက်တယ်။
အူဒီးနီးစ် - အတ္တလန်တာ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၁ ရက် ည ၈:၃၀ နာရီ)
အူဒီးနီးစ်က ကစားပုံမဆိုးပေမဲ့ နောက်ဆုံး(၂)ပွဲဆက် သရေနဲ့ပဲ ကျေနပ်ခဲ့ရတယ်။ အတ္တလန်တာကတော့ ဒီရာသီမှာ သူတို့ရဲ့ အကောင်းဆုံးပုံစံကို ပြသနေပြီး တိုက်စစ်ကစားပုံကလည်း အားရစရာကောင်းပါတယ်။ အတ္တလန်တာနဲ့ ဂိုးအများကို ရွေးချယ်ချင်တယ်။
တိုရီနို - ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၁ ရက် ည ၁၁:၃၀ နာရီ)
တူရင်ဒါဘီပွဲစဉ်တွေရဲ့ အနေအထားကို ပြန်ကြည့်ရင် ၂၀၁၅ ခုနှစ်နောက်ပိုင်းကစပြီး တိုရီနိုအသင်းအနေနဲ့ ဂျူဗင်တပ်စ်ကို အသာရခြင်းမရှိတော့ဘူး။ လက်ရှိအခြေအနေကို ကြည့်ရင်လည်း တိုရီနိုက စီးရီးအေအိမ်ကွင်းနောက်ဆုံး (၅)ပွဲဆက် နိုင်ပွဲပျောက်ထားပြီး အဲဒီ(၅)ပွဲမှာ ဂိုးမသွင်းနိုင်တဲ့ပွဲက (၃)ပွဲအထိရှိခဲ့တာကို တွေ့ရတယ်။ ဂျူဗင်တပ်စ်ကလည်း သရေပွဲတွေများနေပြီး နိုင်သင့်တဲ့ပွဲတွေကို အနိုင်မကစားနိုင်ခဲ့ဘူး။ ဒါပေမဲ့ ဒီပွဲတော့ နည်းပြမော့တာရဲ့ ဂျူဗင်တပ်စ်အသင်း ရလဒ်ကောင်းမှာပါ။ (၀-၁၊ ၀-၂)လောက်နဲ့ ဂျူဗင်တပ်စ် နိုင်မယ်။
အေစီမီလန် - ကာဂလီယာရီ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၂ ရက် နံနက် ၂:၁၅ နာရီ)
အေစီမီလန်ကို နည်းပြသစ် ကွန်ဆေးဆာအို လက်အောက်မှာ အသွင်သစ်နဲ့ မြင်ရမလားဆိုတာ စောင့်ကြည့်ရမယ်။ ကွန်ဆေးဆာအိုက သူစကိုင်တွယ်တဲ့ (၂)ပွဲဆက်အနိုင်ယူပြီး အေစီမီလန်နဲ့အတူ အီတလီစူပါဖလား ရယူနိုင်ခဲ့တယ်။ အေစီမီလန်ရဲ့ တောင်ပံတိုက်စစ်ကစားပုံကလည်း သိသိသာသာ အားကောင်းလာတယ်။ ကာဂလီယာရီက အားနည်းချက်တွေ အရမ်းများတဲ့အသင်းပါ။ အေစီမီလန် ဂိုးပြတ်နိုင်မယ်။