Eleven Media Group

■ စီးရီးအေပွဲစဉ် (၁၉) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

■ စီးရီးအေပွဲစဉ် (၁၉) ပွဲကြိုသုံးသပ်ချက်

ဂျီနိုအာ - ပါးမား (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၂ ရက် ည ၆:၀၀ နာရီ)
ရပ်တည်မှုမကွာတဲ့ အသင်းတွေဖြစ်ပြီး နောက်ဆုံး (၅)ပွဲ မှာ (၂)သင်းစလုံး ပြိုင်ဘက်ကောင်းတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ သရေကျဖို့များပြီး (၂)သင်းပေါင်းသွင်းဂိုးများနိုင်တယ်။ (၂-၂) လောက်ဖြစ်နိုင်တယ်။


ဗင်နီဇီယာ - အင်တာမီလန် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၂ ရက် ည ၈:၃၀ နာရီ)
လက်ရှိချန်ပီယံ အင်တာမီလန်က စီးရီးအေအဝေးကွင်း နောက်ဆုံး (၆)ပွဲဆက် အနိုင်ရထားပြီး ဂိုးပြတ်နိုင်ပွဲတွေရခဲ့သလို၊ Clean Sheet (၅)ပွဲအထိရခဲ့တယ်။ ဗင်နီဇီယာကလည်း ဂျူဗင်တပ်စ်၊ နာပိုလီတို့လို အသင်းတွေကို ဒုက္ခပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ အင်တာမီလန်ရဲ့ လျှင်မြန်တဲ့ တောင်ပံတိုက်စစ်ကစားပုံကိုတော့ ထိန်းချုပ်နိုင်ဖို့ ခက်ပါတယ်။ အင်တာမီလန် (၂)ဂိုးပြတ်လောက်နဲ့ နိုင်မှာပါ။


ဘိုလော့ဂ်နာ - ရိုးမား (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၂ ရက် ည ၁၁:၃၀ နာရီ)
ဘိုလော့ဂ်နာက ရလဒ်တွေ တောက်လျှောက် ပြန်ကောင်းလာပြီးမှ အိမ်ကွင်းနောက်ဆုံးပွဲမှာ ဗီရိုနာကို ရှုံးခဲ့တယ်။ ဒါပေမဲ့ ကံတရားကြောင့်လို့ ဆိုရမှာဖြစ်ပြီး ဘိုလော့ဂ်နာရဲ့ ကွင်းတွင်း ခြေစွမ်းမညံ့ခဲ့ဘူး။ ရာနီရေးရီကိုင်တွယ်နေတဲ့ ရိုးမားကလည်း တက်ရိပ်ပြနေပြီး နိုင်ပွဲတွေလည်း တွေ့လာတယ်။ ဒါပေမဲ့ ရိုးမားရဲ့ အဝေးကွင်းစွမ်းဆောင်ရည်ကတော့ ယုံံကြည်ဖို့ခက်ပါတယ်။ အဝေးကွင်း (၉)ပွဲကစားပြီးချိန်မှာ လက်ရှိအချိန်အထိ နိုင်ပွဲမ ရသေးဘူး။ ဘိုလော့ဂ်နာ သရေနဲ့ အနိုင်ပါပဲ။ (၁-၁၊ ၂-၁)ရလဒ်တွေ ဖြစ်နိုင်တယ်။


နာပိုလီ - ဗီရိုနာ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၃ ရက် နံနက် ၂:၁၅ နာရီ)
နာပိုလီက နိုင်ပွဲဆက်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတယ်။ နောက်ဆုံးပွဲမှာ ဖီအိုရင်တီးနားကို အနိုင်ကစားခဲ့ပြီး တောင်ပံကစားသမား နေရိစ်ကလည်း အားကိုးရတယ်။ ဗီရိုနာက အဝေးကွင်း (၂)ပွဲဆက်အနိုင်ရထားပေမဲ့ နာပိုလီကိုတော့ ဒုက္ခပေးနိုင်မှာမဟုတ်ဘူး။ နာပိုလီ အနိုင်သေချာတယ်။

မူရင်းသတင်း — Eleven Media Group