Eleven Media Group

■ ပြင်သစ်လီဂူးပွဲစဉ် (၁၇) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

လူအယ်ဗာ - လန်းစ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၂ ရက် ည ၈:၃၀ နာရီ)
ပြီးခဲ့တဲ့ ရာသီတွေ့ဆုံမှုကိုကြည့်ရင် လန်းစ်က လူအယ်ဗာကို (၂)ကျော့စလုံးမနိုင်ခဲ့ဘူး။ ဒါပေမဲ့ ဒီရာသီမှာ လူအယ်ဗာက တည်ငြိမ်မှုကင်းမဲ့လွန်းပါတယ်။ လန်းစ်ပဲ ကြိုက်တယ်။


တူးလူး - စထရာဘိုး (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၂ ရက် ည ၁၀:၄၅ နာရီ)
ရပ်တည်မှုမကွာသလို၊ လက်ရှိခြေစွမ်းအရလည်း ကွာဟမှု သိပ်မရှိပါဘူး။ ဒါပေမဲ့ အိမ်ကွင်းမှာတော့ တူးလူး ရလဒ်ကောင်းလိမ့်မယ်။


မောင့်ပယ်လီယာ - အန်ဂါစ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၂ ရက် ည ၁၀:၄၅ နာရီ)
မောင့်ပယ်လီယာက ရမှတ်လိုအပ်ချက်များနေပြီး အိမ်ကွင်းနောက်ဆုံး (၃)ပွဲမှာ (၅)မှတ်ရခဲ့တယ်။ မောင့်ပယ်လီယာအသင်း အန်ဂါစ်ကို အနိုင်ကစားဖို့ ကြိုးစားလိမ့်မယ်။


PSG - စိန့်အက်တီယန် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၃ ရက် နံနက် ၂:၁၅ နာရီ)
PSG က လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံပြနေပြီး ဒမ်ဘီလီကလည်း တဖြည်းဖြည်းအသင်းနဲ့ အံဝင်လာတာ တွေ့ရတယ်။ အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးတွေကိုလည်း နောက်ပိုင်းမှာ တောက်လျှောက်သွင်းနေတယ်။ စိန့်အက်တီယန်ကတော့ ခံစစ်အားနည်းချက်တွေများပြီး လီဂူးနောက်ဆုံး (၄)ပွဲမှာ (၁၀)ဂိုးအထိပေးခဲ့ရတယ်။ နောက်ဆုံးပွဲမှာ Reims ကို အနိုင်ရခဲ့ပေမဲ့ စိန့်အက်တီယန်က ယုံစားလို့ရတဲ့ အနေအထားမဟုတ်သေးဘူး။ ဒါ့အပြင် PSG နဲ့ စိန့်အက်တီယန်က အဆင့်ချင်းအတော်ကွာပါတယ်။ PSG အသင်း ဂိုးပြတ်နိုင်လိမ့်မယ်။

မူရင်းသတင်း — Eleven Media Group