
အင်တာမိုင်ယာမီအသင်း၏ပူးတွဲပိုင်ရှင်ဖြစ်သူ ဂျော့ချ်မားစ်က အခွင့်အရေးရပါက နေမာကို ခေါ်ယူသွားမည်ဟု ပြောကြားခဲ့သည်။
ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာ (၃၂နှစ်) သည် ယခုရာသီကုန်တွင် အယ်လ်ဟီလာအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အသင်းဘက်က စာချုပ်သစ်ချုပ် ဆိုလိုခြင်းမရှိကြောင်း သိရသည်။
ယင်းအခြေအနေတွင် အင်တာမိုင်ယာမီအသင်းက နေမာကို ခေါ်ယူလိုနေခြင်းဖြစ်သည်။ အင်တာမိုင်ယာမီပူးတွဲပိုင်ရှင် ဂျော့ချ်မားစ်က နေမာကိုသာခေါ်ယူခွင့်ရမည်ဆိုပါက တုံ့ဆိုင်းနေမည်မဟုတ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
နေမာအနေဖြင့် အင်တာမိုင်ယာမီသို့ပြောင်းရွှေ့ခဲ့ပါက ဘာစီလိုနာတွင် လက်တွဲခဲ့သည့် မက်ဆီ၊ ဆွာရက်ဇ်တို့နှင့် MSN တိုက်စစ်အတွဲကို ပြန်အသက်သွင်းနိုင်မည်ဖြစ်သည်။