Eleven Media Group

စီးရီးအေ နှင့် လာလီဂါ ပွဲကြိုသုံးသပ်ချက်

Photo: AFP

မွန်ဇာ နှင့် ဖီအိုရင်တီးနား (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၁၅ နာရီ)

မွန်ဇာက တန်းဆင်းဇုန်က ရုန်းထွက်နိုင်ဖို့ ကြိုးစားနေပေမဲ့ စိတ်ပျက်စရာ ရှုံးပွဲတွေပဲ တွေ့နေတယ်။ ဖီအိုရင်တီးနားကလည်း တဖြည်းဖြည်းကျဆင်းလာတယ်။ ဒီပွဲတော့ မွန်ဇာ အမှတ်ရမှာပါ။

ဆိုစီဒက် နှင့် ဗီလာရီးယဲလ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၃၀ နာရီ)

ဒီပွဲလည်း ပွဲကောင်းတစ်ပွဲ ဖြစ်နိုင်တယ်။ ဆိုစီဒက်ခြေစွမ်းနဲ့ ကစားပုံက နှစ်ကူးပိုင်းမှာ ပိုငြိမ်လာသလို တွေ့ရပြီး ဗီလာရီးယဲလ်ကတော့ အကျဘက်နည်းနည်းပြန်ပြနေတယ်။ ဗီလာရီးယဲလ်ခံစစ်က အားနည်းပြီး တိုက်စစ်ပိုင်းက အားကောင်းပေမဲ့ နှစ်ကုန်ခါနီးမှာ တိုက်စစ်က ဂိုးသွင်းနှုန်းလျော့သွားလို့ အသင်းက ခက်သလိုဖြစ်သွားတာပဲ ဖြစ်တယ်။ ဒါပေမဲ့ နှစ်ကုန် နောက်ဆုံးပွဲဖြစ်တဲ့ လီဟာနက်စ်နဲ့ပွဲမှာတော့ ဂိုးတွေပြန်ရလာလို့ ဒီပုံစံကို နှစ်သစ်မှာလည်း ဆက်မြင်ရမလားလို့ စောင့်ကြည့်ရမယ်။ ဆိုစီဒက်ကတော့ ဒီနောက်ပိုင်းမှာ ခံစစ်မာကျောမှုနဲ့ အဓိကသွားနေတာ တွေ့ရတယ်။ အထူးသဖြင့် အိမ်ကွင်းဆို ခံစစ်ပိုလုံခြုံတတ်လို့ ဗီလာရီးယဲလ်တိုက်စစ် ဂိုးရရေး ရုန်းရဖို့ရှိနေတယ်။ ဗီလာရီးယဲလ်ရဲ့ခံစစ်အားနည်းမှုက ဆိုစီဒက်ကိုအခွင့်အရေးပေးသလိုဖြစ်နေလို့ ဆိုစီဒက်နဲ့ ဂိုးအနည်းပဲ ကြိုက်တယ်။

မူရင်းသတင်း — Eleven Media Group