Eleven Media Group

■ ဘွန်ဒစ်လီဂါ ပွဲစဉ်-၁၇ ပွဲကြိုသုံးသပ်ချက်

Photo: Reuters

◘ ဟော်စတိုင်ကီလ် - ဒေါ့မွန် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၅ ရက် နံနက် ၀၀း၀၀ နာရီ)

ဒေါ့မွန်အသင်းက ဘွန်ဒစ်လီဂါနောက်ဆုံး(၅)ပွဲမှာ (၁)ပွဲပဲ အနိုင်ရခဲ့တယ်။ အဝေးကွင်းလည်းဖြစ်လို့ ဒေါ့မွန် အနိုင်ရခဲ့ရင်တောင် ဂိုးမပြတ်ဘူး။

◘ လေဗာကူဆင် - မိန့်ဇ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၅ ရက် နံနက် ၂း၃၀ နာရီ)

လေဗာကူဆင်အသင်းက နောက်ဆုံးကစားထားတဲ့ အမှတ်ပေးပွဲ (၆)ပွဲဆက်တိုက် အနိုင်ရခဲ့တယ်။ လက်ရှိအခြေအနေအရ လေဗာကူဆင်အသင်း ပြီးခဲ့တဲ့ရာသီက ယုံကြည်မှုမျိုး ပြန်ရနေတဲ့ပုံပါပဲ။ နောက်ဆုံးနှစ်ပွဲမှာ ပွဲထွက်ခွင့်ရလာခဲ့တဲ့ တိုက်စစ်မှူး ပက်သရစ်ရှစ်ခ်က (၆)ဂိုးသွင်းယူနိုင်တဲ့အထိ ဂိုးမြူးနေတယ်။ ပြိုင်ဘက် မိန့်ဇ်ကလည်း ဘိုင်ယန်မြူးနစ်၊ ဖရန့်ဖတ်အသင်းတွေကို အနိုင်ကစားထားပြီး မယုံနိုင်စရာတွေ လုပ်ပြနေတယ်။ လတ်တလောအနေအထားအရလည်း မိန့်ဇ်အသင်း ရပ်တန့်သွားမယ့်ပုံ မပေါ်သေးဘူး။ လေဗာကူဆင် ဂိုးပြတ်နိုင်ဖို့ခက်မယ်။

◘ ဖရန့်ဖတ် - ဖရိုင်းဘတ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၅ ရက် နံနက် ၂း၀၀ နာရီ)

ဖရန့်ဖတ်အသင်း အမှတ်ပေးပွဲ(၃)ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ပြီးမှ နောက်ဆုံးပွဲမှာ နိုင်ပွဲပြန်ရထားတယ်။ ဖရန့်ဖတ်အနေနဲ့ လတ်တလောမှာ အိမ်ကွင်းစွမ်းဆောင်ရည် အနည်းငယ် နိမ့်ကျနေတယ်။ ဖရိုင်းဘတ်ကလည်း ဘွန်ဒစ်လီဂါ အဝေးကွင်း (၅)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားတယ်။ ဒီနှစ်သင်းအကြား သိပ်မကွာပေမဲ့ အိမ်ကွင်းအားသာချက်ရှိတဲ့ ဖရန့်ဖတ်ကိုပဲ ရွေးချယ်ချင်တယ်။

◘ ဝုလ်ဖ်ဘတ် - မိုချန်ဂလာဘတ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၅ ရက် နံနက် ၂း၀၀ နာရီ)

မိုချန်ဂလာဘတ်အသင်း အဝေးကွင်းနောက်ဆုံးပွဲမှာ နိုင်ပွဲတွေ့ထားပြီး လတ်တလောခြေစွမ်းလည်း မဆိုးဘူး။ မိုချန်ဂလာဘတ် သရေရနိုင်တယ်။

မူရင်းသတင်း — Eleven Media Group