Eleven Media Group

ဥရောပဘောလုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

Photo : Getty Images

■ စီးရီးအေ
အင်တာမီလန် နှင့် ဘိုလော့ဂ်နာ
အင်တာမီလန်က နောက်ပိုင်းပွဲတွေမှာ စီးရီးအေနိုင်ပွဲတွေ တောက်လျှောက်ရလာတယ်။ သူတို့ရဲ့တိုက်စစ်က လော်တာရိုမာတီနက်ဇ်၊ တာရေမီ၊ မားကပ်စ်သူရမ်တို့ ဘယ်သူပဲ ပွဲထွက်ပွဲထွက် အားကောင်းဆဲပါပဲ။ ဘိုလော့ဂ်နာက အသင်းကောင်းဆိုပေမဲ့ ထိပ်သီးတွေနဲ့ရင်ဆိုင်ရတဲ့ပွဲတွေဆိုရင် ပုံစံကောင်းပျောက်ဆုံးတတ်တယ်။ ဂျူဗင်တပ်စ်ကို သရေကစားနိုင်ခဲ့ပေမဲ့ ဘိုလော့ဂ်နာကို အရမ်းယုံကြည်လို့မရဘူး။ နောက်ပိုင်းတွေ့ဆုံမှုတွေကိုကြည့်ရင်တော့ ဘိုလော့ဂ်နာက အင်တာမီလန်ကို အတော်ဒုက္ခပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ ဒီပွဲတော့ ဘိုလော့ဂ်နာခက်မယ်။ အင်တာမီလန်ကိုပဲ ကြိုက်တယ်။

■ ဘွန်ဒစ်လီဂါ
ဘိုဟုမ် နှင့် ဆန့်ပေါ်လီ
လက်ရှိအခြေအနေမှာ ဆန့်ပေါ်လီက ရပ်တည်မှု ပိုမြင့်သလို၊ ရမှတ်ပိုင်းလည်း ခြားနားပါတယ်။ ဘိုဟုမ်အိမ်ကွင်းမှာ အမှတ်ယူလိမ့်မယ်။

စတုဂတ် နှင့် လိုက်ပ်ဇစ်
စတုဂတ်အသင်းက အိမ်ကွင်းအားသာချက်ရှိပေမဲ့ စိတ်မချရပါဘူး။ လိုက်ပ်ဇစ်ကတော့ ပြည်တွင်းကို အာရုံပြန်စိုက်ချိန် ဘိုင်ယန်ကို ဂိုးပြတ်ရှုံးတာကလွဲလို့ ရလဒ်တွေ ပြန်ကောင်းနေတယ်။ လိုက်ပ်ဇစ် အမှတ်ရလိမ့်မယ်။

ဘိုင်ယန်မြူးနစ် နှင့် ဟော်ဖန်ဟင်မ်
ဘိုင်ယန်အသင်း ဒီရာသီ အိမ်ကွင်းပွဲတွေမှာ လေဗာကူဆင်နဲ့ သရေကျတာကလွဲလို့ ပွဲတိုင်းဂိုးပြတ်အနိုင်ရထားခဲ့တယ်။ ဟော်ဖန်ဟင်မ်လည်း ခြေပျက်နေလို့ ဘိုင်ယန်ဘက်ကပဲ ရပ်တည်သင့်တယ်။

ဝါဒါဘရီမင် နှင့် ဟိုင်းဟိုင်
ဝါဒါဘရီမင်အသင်း လိုက်ပ်ဇစ်နဲ့တွေ့ခဲ့လို့သာ ရှုံးပွဲပြန်တွေ့ခဲ့ရတာဖြစ်တယ်။ ဟိုင်းဟိုင် နိုင်ပွဲပြန်ရထားပေမဲ့ ဝါဒါဘရီမင် အနိုင်သေချာပါတယ်။

အူန်ယွန်းဘာလင် နှင့် အော့စ်ဘတ်
အူန်ယွန်းဘာလင်အသင်းက အမှတ်ပေးပွဲ (၉)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားတယ်။ အော့စ်ဘတ်အသင်း မရှုံးနိုင်ပါဘူး။

မူရင်းသတင်း — Eleven Media Group