Eleven Media Group

ရီးယဲလ်ကွင်းလယ်ကစားသမား ဘယ်လင်ဂမ်အားခေါ်ယူရန် မန်ယူအသင်းကို ဒွိုက်ယော့ခ် တိုက်တွန်း

Photos: X

မန်ယူဂန္ထဝင် ဒွိုက်ယော့ခ်က အသင်းဟောင်း ရီးယဲလ်ကွင်းလယ်ကစားသမား ဘယ်လင်ဂမ်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန်တိုက်တွန်းပြောကြားခဲ့သည်။

မန်ယူအသင်းသည် ပေါ်တူဂီနည်းပြဖြစ်သူ ရူဘင်အာမိုရင်မ်၏လက်အောက်တွင် အသင်းကို ပြန်လည်တည်ဆောက်လျက်ရှိသည်။

အာမိုရင်မ်သည် မန်ယူအသင်းကို စတင်ကိုင်တွယ်စဉ်က ရုန်းကန်ခဲ့ရသော်လည်း အဝေးကွင်းများတွင် မန်စီးတီးနှင့် အာဆင်နယ်ကို အနိုင်ရပြီး လီဗာပူးလ်နှင့် သရေကျခဲ့သည်။

ဒွိုက်ယော့ခ်က "အရင်က မန်ယူအသင်းဟာ (၂) နှစ် ဒါမှမဟုတ် (၃)နှစ်မှာ ကမ္ဘာကျော်ကစားသမားတွေ ခေါ်ယူလေ့ရှိပါတယ်။ အခု မခေါ်တာကြာပါပြီ။ ဘယ်လင်ဂမ်ကိုပေါင် သန်း (၁၅၀) ပေးမယ်ဆိုရင် အဆင်ပြေမယ်ထင်ပါတယ်"ဟု ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group