Eleven Media Group

■ ယနေ့ည ကစားမည့် ဥရောပထိပ်တန်းလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

■ လာလီဂါပွဲစဉ် (၂၀) ပွဲကြိုသုံးသပ်ချက်
အက်စ်ပန်ညို - ဗယ်လာဒိုလစ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၈ ရက် နံနက် ၂:၃၀ နာရီ)
အက်စ်ပန်ညိုက လာလီဂါမှာ နိုင်ပွဲပျောက်သွားမှုကို အဆုံးသတ်နိုင်ဖို့ ကြိုးစားလိမ့်မယ်။ ဗယ်လာဒိုလစ်က အဝေးကွင်းဆိုရင် ကစားပုံနဲ့ ခံစစ်ပိုင်းကလည်း အားနည်းတတ်သွားတတ်တာကို တွေ့ရတယ်။ ဒီလိုအနေအထားမှာ အိမ်ရှင် အက်စ်ပန်ညိုကိုပဲ ရွေးထားမယ်။ ဂိုးလည်း များသွားနိုင်တယ်။


■ စီးရီးအေပွဲစဉ် (၂၁) ပွဲကြိုသုံးသပ်ချက်
ရိုးမား - ဂျီနိုအာ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၈ ရက် နံနက် ၂:၁၅ နာရီ)
နည်းပြ ရာနီရေးရီရဲ့ ရိုးမားက နောက်ပိုင်းပွဲတွေမှာ ကစားပုံတိုးတက်လာတယ်။ အေစီမီလန်၊ ဘိုလော့ဂ်နာတို့လိုအသင်းတွေကို အဝေးကွင်းပွဲတွေမှာ သရေကစားခဲ့တာကလည်း အထင်ကြီးစရာပါပဲ။ ဒါ့အပြင် အိမ်ကွင်းနောက်ဆုံး (၂)ပွဲဆက် ဂိုးမပေးခဲ့ရသလို၊ (၂)ပွဲပေါင်း (၇)ဂိုးအထိသွင်းခဲ့တဲ့ တိုက်စစ်ကလည်း အားရစရာကောင်ပါတယ်။ အိမ်ကွင်းမှာ ရိုးမားအသင်း ဂျီနိုအာကို အနိုင်ကစားလိမ့်မယ်။


■ ဘွန်ဒစ်လီဂါပွဲစဉ် (၁၈) ပွဲကြိုသုံးသပ်ချက်
ဖရန့်ဖတ် - ဒေါ့မွန် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၈ ရက် နံနက် ၂:၀၀ နာရီ)
ဖရန့်ဖတ်အသင်း ဒေါ့မွန်နဲ့ နောက်ဆုံးတွေ့ဆုံမှု (၇)ပွဲ ဆက်တိုက် နိုင်ပွဲပျောက်ထားပေမဲ့ အိမ်ကွင်းမှာ အခြေအနေ မဆိုးပါဘူး။ ပြီးခဲ့တဲ့ရာသီက တောက်လျှောက်ဦးဆောင်ပြီးမှ သုံးဂိုးစီ သရေကျခဲ့သလို၊ အဲဒီမတိုင်ခင် နှစ်ပွဲမှာလည်း နောက်ကျဂိုးတွေနဲ့ အရေးနိမ့်ခဲ့တာပါ။ ဒေါ့မွန်ရဲ့လက်ရှိခြေစွမ်းကလည်း အကျဘက်ရောက်နေလို့ ဖရန့်ဖတ် အခြေအနေကောင်းနိုင်တယ်။ ဖရန့်ဖတ် အနိုင်နဲ့ သရေပါပဲ။


■ ပြင်သစ်လီဂူးပွဲစဉ် (၁၈) ပွဲကြိုသုံးသပ်ချက်
မောင့်ပယ်လီယာ - မိုနာကို (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၈ ရက် နံနက် ၀၀:၃၀ နာရီ)
မောင့်ပယ်လီယာကို တန်းဆင်းရမယ့်အသင်းလို့ ဆိုရမှာဖြစ်ပြီး သူတို့ရဲ့ကွင်းတွင်းစွမ်းဆောင်ရည်က အတော့်ကို ဆိုးရွားလွန်းတယ်။ မိုနာကိုက ရလဒ်တွေကျဆင်းနေပေမဲ့ ဒီပွဲတော့ နိုင်ပွဲပြန်ယူပါလိမ့်မယ်။


လိုင်လီ - နိုက်စ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၈ ရက် နံနက် ၂:၃၀ နာရီ)
လိုင်လီက လီဂူးနောက်ဆုံး (၃)ပွဲဆက် သရေကျခဲ့ပြီး အနည်းငယ်ကျဆင်းလာတဲ့ပုံစံမျိုးကို မြင်လာရတယ်။ နိုက်စ်က နောက်ဆုံး (၄)ပွဲမှာ (၁၀)မှတ်အထိရခဲ့တယ်။ ဒါပေမဲ့ ဒီပွဲတော့ လိုင်လီကို ကြိုက်တယ်။

မူရင်းသတင်း — Eleven Media Group