
မန်ယူအသင်း၏ ကစားသမားဟောင်းဖြစ်သည့် လင်ဂတ်သည် ကိုရီးယားကလပ် FC Seoul အသင်း၏ အသင်းခေါင်း ဆောင်အဖြစ် ခန့်အပ်ခံခဲ့ရကြောင်း သိရသည်။
လင်ဂတ်(၃၂ နှစ်)သည် ၂၀၂၄ ဖေဖော်ဝါရီတွင် ကိုရီးယားကလပ် FC Seoul အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။
၎င်းသည် ယင်းအသင်းတွင် ခြေစွမ်းပြနိုင်သည့်အတွက် လာမည့်ရာသီအတွက် အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ကိုရီးယား K League ပြိုင်ပွဲ၏ ၂၀၂၅ ရာသီ ကို ဖေဖော်ဝါရီလတွင် စတင်မည်ဖြစ်ကြောင်း သိရသည်။