
ဂျီရိုနာ - ဆီဗီလာ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၈ ရက် ည ၇:၃၀ နာရီ)
ချန်ပီယံလိဂ်မှာ အခြေအနေသိပ်မကောင်းတော့တဲ့ ဂျီရိုနာ ပြည်တွင်းကိုပဲ ပိုအားစိုက်လာဖို့ များနေတယ်။ နှစ်သစ်မှာ ကစားပုံ ပိုကောင်းလာပြီး ခံစစ်လည်း ပိုငြိမ်လာတယ်။ ဆီဗီလာနဲ့တွေ့တိုင်းလည်း အနိုင်ရတာများလေ့ရှိလို့ ဂျီရိုနာနဲ့ ဂိုးအနည်းပဲ ကြိုက်တယ်။
လီဟာနက်စ် - အက်သလက်တီကို (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၈ ရက် ည ၉:၄၅ နာရီ)
အက်သလက်တီကိုက ထိပ်ဆုံးနေရာမြဲအောင် လက်ရှိအရှိန်နှုန်းကို ဆက်ထိန်းနိုင်ဖို့ ကြိုးစားလိမ့်မယ်။ နောက်ပိုင်းပွဲတွေမှာ အက်သလက်တီကိုက အနိုင်ရရေးပဲ အဓိကထားနေလို့ သွင်းဂိုးလည်း နည်းလာတယ်။ လီဟာနက်စ်က ကစားပုံပြန်ကျသွားပြီး အိမ်ကွင်းမှာလည်း ရှုံးပွဲတွေ ဆက်လာတယ်။ အကောင်းဆုံးခြေစွမ်းကို ရရှိနေတဲ့ အက်သလက်တီကိုကို လီဟာနက်စ် တောင့်ခံနိုင်ဖို့ မလွယ်ဘူး။ အက်သလက်တီကုနဲ့ ဂိုးအနည်းပဲ ရွေးမယ်။
ဘက်တစ် - အလာဗတ်စ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၈ ရက် ည ၁၂:၀၀ နာရီ)
ဘက်တစ်က အိမ်ကွင်းမှာတော့ အမှားနည်းပြီး ကစားပုံလည်း ပိုတောင့်တင်းတယ်။ ဒါပေမဲ့ အလာဗတ်စ်က နောက်ပိုင်းပွဲတွေမှာ တိုက်စစ်ပိုဖွင့်ကစားလာပြီး အလုပ်လည်းဖြစ်နေတယ်။ အထူးသဖြင့် အဝေးကွင်းမှာ ဂိုးရအောင် ကစားလာနိုင်တာက အလာဗတ်စ်ရဲ့ ပြောင်းလဲမှုလို့ ပြောနိုင်တယ်။ ဘက်တစ်တိုက်စစ်က ပုံမှန်မရှိတတ်တာကြောင့် ဒီပွဲမှာ မထင်မှတ်ဘဲ သရေကျသွားနိုင်တယ်။ ဂိုးနည်းမယ်။
ဂီတာဖေး - ဘာစီလိုနာ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၉ ရက် နံနက် ၂:၃၀ နာရီ)
ဘာစီလိုနာကတော့ စပိန်စူပါဖလား ရယူပြီး နှစ်သစ်အတွက် ခွန်အားပြန်ဖြည့်ထားတယ်။ ဒါပေမဲ့ အခု ရင်ဆိုင်ရမယ့် ဂီတာဖေးက ဘာစီလိုနာအတွက် ခက်ခဲတဲ့ ပြိုင်ဘက်မျိုးဖြစ်လို့ သတိထားရမယ့် ပွဲဖြစ်နေတယ်။ ဂီတာဖေးကွင်းမှာ နောက် ဆုံးကစားခဲ့တဲ့ (၂) ပွဲမှာလည်း ဂိုးလည်း မရ၊ သရေတွေပဲ ရထားတဲ့ပုံအရဆိုရင်တော့ အခုတစ်ကြိမ်လည်း ဘာစီလိုနာတိုက်စစ်ပိုင်းက ဂိုးရဖို့ အတော်လေး ရုန်းရမယ်ထင်တယ်။ ဂီတာဖေး ကစားပုံကလည်း ခံစစ်ကစားပုံမာကျောပြီး ခံစစ်ပိတ်ကစားတတ်လို့ ခံစစ်သေချာကစားတဲ့ အသင်းတွေနဲ့ဆိုရင် ဂိုးရဖို့ ခက်သွား တတ်တဲ့ ဘာစီလိုနာအတွက်တော့ ဒီပွဲက အတော်လေး စိန်ခေါ်မှု များနေတာတော့ အမှန်ပါပဲ။ ဒီပွဲမှာ ဘာစီလိုနာတိုက်စစ်ပိုင်းက ဂိုးရ၊ မရကပဲ အဖြေပေးသွားနိုင်တဲ့ ပွဲလိုဖြစ်နေပြီး အနိုင်ရှာရတော့မယ့် ဘာစီလိုနာနဲ့ ဂိုးအနည်းကို ရွေးထားသင့်တယ်။