Eleven Media Group

■ ဘွန်ဒစ်လီဂါပွဲစဉ် (၁၈) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

စတုဂတ် - ဖရိုင်းဘတ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၈ ရက် ည ၉:၀၀ နာရီ)
စတုဂတ်အသင်းက အိမ်ကွင်းနှစ်ပွဲဆက် ပွဲကျပ်ကစားခဲ့ရတာပါ။ ဖရိုင်းဘတ်အသင်းကလည်း အမှတ်ပေးပွဲ အဝေးကွင်း (၆)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားတယ်။ ဖရိုင်းဘတ် သရေ မျှော်လင့်နိုင်တယ်။


ဘိုင်ယန်မြူးနစ် - ဝုလ်ဖ်ဘတ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၈ ရက် ည ၉:၀၀ နာရီ)
ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဒီရာသီအိမ်ကွင်းမှတ်တမ်းတွေက အတော်ကောင်းနေတယ်။ လေဗာကူဆင်အသင်းနဲ့ပွဲမှာ တစ်ဂိုးစီ သရေကျခဲ့တာကလွဲလို့ ကျန်ပွဲအားလုံး အနိုင်ကစားထားခဲ့တယ်။ နိုင်တဲ့ပွဲတွေကလည်း အနိမ့်ဆုံး နှစ်ဂိုးပြတ်နဲ့ အနိုင်ယူခဲ့တာဖြစ်တယ်။ တိုက်စစ်ပိုင်းမှာ ဟာရီကိန်း ပြန်ပါလာတာကလည်း ဘိုင်ယန်အသင်းအတွက် ယုံကြည်မှု ပိုမြင့်မားစေတယ်။ ဝုလ်ဖ်ဘတ်နဲ့တွေ့ဆုံမှုမှာလည်း အိမ်ကွင်း(၆)ပွဲဆက် အနိုင်ကစားထားပြီး (၅)ပွဲက ဂိုးပြတ်သွင်းခဲ့တာ တွေ့ရတယ်။ ဝုလ်ဖ်ဘတ် အဝေးကွင်းမဆိုးပေမဲ့ ဘိုင်ယန် အနိမ့်ဆုံး နှစ်ဂိုးပြတ်လောက်တယ်။


ဟိုင်းဟိုင် - ဆန့်ပေါ်လီ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၈ ရက် ည ၉:၀၀ နာရီ)
ဟိုင်းဟိုင်အသင်း အိမ်ကွင်းမှာ နိုင်ပွဲပြန်ရထားခဲ့သလို၊ ကစားသမားပိုင်းအရလည်း များစွာသာပါတယ်။ ဟိုင်းဟိုင်ပဲ အနိုင်ရဖို့များတယ်။


ဘိုဟုမ် - လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၈ ရက် ည ၉:၀၀ နာရီ)
ဘိုဟုမ်အသင်း အိမ်ကွင်း နှစ်ပွဲဆက်တိုက် ကစားရမှာဖြစ်ပြီး လိုက်ပ်ဇစ်ကလည်း အဝေးကွင်း နှစ်ပွဲဆက် ကစားရတာပါ။ လိုက်ပ်ဇစ်ဘက်ကပဲ ရပ်တည်ချင်တယ်။


ဟော်စတိုင်ကီလ် - ဟော်ဖန်ဟင်မ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၈ ရက် ည ၉:၀၀ နာရီ)
တန်းဆင်းဇုန်ထဲက ဟော်စတိုင်ကီလ်အသင်း အိမ်ကွင်းနှစ်ပွဲဆက် အနိုင်ကစားပြီး အခြေအနေပြန်ကောင်းလာခဲ့တယ်။ ဒီပွဲလည်း ဟော်စတိုင်ကီလ် အမှတ်ရဦးမယ်။


လေဗာကူဆင် - မိုချန်ဂလာဘတ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၈ ရက် ည ၁၂:၀၀ နာရီ)
လေဗာကူဆင်အသင်းက ဘွန်ဒစ်လီဂါ (၇)ပွဲဆက်တိုက် အနိုင်ကစားထားတယ်။ ထိပ်တိုက်တွေ့ဆုံမှုမှာလည်း လေဗာကူဆင်က (၁၀)ပွဲဆက် ရှုံးပွဲမရှိခဲ့ဘူး။ မိုချန် ရှုံးပွဲဆက်နေလို့ လေဗာကူဆင်ကိုပဲ ရွေးချယ်ချင်တယ်။

မူရင်းသတင်း — Eleven Media Group