
လန်းစ် - PSG (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၈ ရက် ည ၁၀:၃၀ နာရီ)
လန်းစ်က ဥရောပဝင်ခွင့်မျှော်လင့်နေတဲ့အသင်းဖြစ်ပြီး လက်ရှိရလဒ်ပိုင်းကိုကြည့်ရင်လည်း သိပ်ပြီးဆိုးရွားနေတာမျိုး မဟုတ်ပါဘူး။ လီဂူးနောက်ဆုံး (၅)ပွဲမှာ (၁)ပွဲ(၂)ဂိုးနှုန်းသွင်းတဲ့ပွဲက (၄)ပွဲအထိရှိခဲ့ပြီး လန်းစ်ရဲ့ တိုက်စစ်ကလည်း အထင်ကြီးစရာကောင်းခဲ့တယ်။ PSG က ပြည်တွင်းပြိုင်ပွဲမှာဆိုရင် ပြိုင်ဘက်တိုင်းထက်ခေါင်းတစ်လုံးမြင့်တဲ့အသင်းပါ။ ဒါပေမဲ့ ဒီပွဲပြီးရင် မန်စီးတီးနဲ့ ချန်ပီယံလိဂ်အရေးကြီးပွဲ ကစားရမှာဖြစ်လို့ PSG အသင်းအနေနဲ့ အရန်ကစားသမားအများစုနဲ့ပဲ ပွဲထွက်လာဖို့ရှိတယ်။ လန်းစ်အသင်းကို အရဲစွန့် ရွေးချယ်ချင်တယ်။
ရန်းစ် - ဘရက်စ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၉ ရက် နံနက် ၀၀:၃၀ နာရီ)
လက်ရှိခြေစွမ်းချင်း ကွာဟချက်သိပ်မရှိတဲ့အသင်း (၂) သင်းထိပ်တိုက်တွေ့ဆုံတဲ့ပွဲပါပဲ။ ရန်းစ်က နောက်ဆုံး (၂)ပွဲမှာ နိုက်စ်၊ မာဆေးလ်တို့ကို ရှုံးခဲ့ပေမဲ့ အိမ်ကွင်းကစားပုံမဆိုးပါဘူး။ ရန်းစ်ကိုပဲ ကြိုက်တယ်။
လိုင်ယွန် - တူးလူး (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၉ ရက် နံနက် ၂:၃၀ နာရီ)
လိုင်ယွန်က တူးလူးနဲ့တွေ့ဆုံတဲ့ လီဂူးနောက်ဆုံး (၄)ပွဲ ဆက် အနိုင်ကစားခဲ့တယ်။ တူးလူးက ကစားပုံတက်လာတဲ့ အသင်းဆိုပေမဲ့ လိုင်ယွန်နိုင်ပွဲပြန်ရမယ်လို့ ထင်မိတယ်။ ဂိုးများ နိုင်တယ်။