
ဖီအိုရင်တီးနား - တိုရီနို (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၉ ရက် ည ၆:၀၀ နာရီ)
ဖီအိုရင်တီးနားက ရာသီအစကလိုမဟုတ်တော့ဘူး။ တဖြည်းဖြည်းကျဆင်းလာပြီး စီးရီးအေနောက်ဆုံး (၅)ပွဲမှာ (၄)ပွဲ အထိ ရှုံးခဲ့တယ်။ တိုရီနိုကတော့ စီးရီးအေအဝေးကွင်းနောက်ဆုံး (၃)ပွဲဆက် မရှုံးအောင်ကစားထားတယ်။ သရေကျဖို့များတယ်။ ဂိုးနည်းနိုင်တယ်။
ကာဂလီယာရီ - လက်ချီ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၉ ရက် ည ၈:၃၀ နာရီ)
ကာဂလီယာရီက တန်းဆင်းဇုန်ထဲက ရုန်းထွက်ဖို့ကြိုးစားနေပြီး ကစားပုံလည်း မဆိုးဘူးလို့ ပြောရမယ်။ လက်ချီက အဝေးကွင်းနောက်ဆုံးပွဲမှာ အနိုင်ရခဲ့ပေမဲ့ တည်ငြိမ်မှုနည်းပါတယ်။ ကာဂလီယာရီကို ကြိုက်တယ်။
ပါးမား - ဗင်နီဇီယာ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၉ ရက် ည ၈:၃၀ နာရီ)
ပါးမားက စီးရီးအေနောက်ဆုံး (၄)ပွဲမှာ (၃)ပွဲအထိ ဂိုးမသွင်းနိုင်ခဲ့ဘူး။ ဗင်နီဇီယာကလည်း လက်ရှိအချိန်အထိ စီးရီးအေ အဝေးကွင်း နိုင်ပွဲမရသေးပါဘူး။ သရေကျဖို့များပြီး အနိုင်ဆိုရင်တော့ ပါးမားကို ရွေးချယ်ချင်တယ်။
ဗီရိုနာ - လာဇီယို (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၉ ရက် ည ၁၁:၃၀ နာရီ)
ဗီရိုနာက စီးရီးအေအိမ်ကွင်း (၄)ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပေမဲ့ အဲဒီ(၄)ပွဲမှာ (၂)ပွဲက မီလန်(၂)သင်းနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ လာဇီယိုကလည်း နောက်ပိုင်းပွဲတွေမှာ ရမှတ်လေလွင့်မှုများလာတယ်။ ဒါပေမဲ့ ဒီပွဲတော့ လာဇီယို ရလဒ်ကောင်းမယ်။
အင်တာမီလန် - အမ်ပိုလီ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၀ ရက် နံနက် ၂:၁၅ နာရီ)
အင်တာမီလန်က ချန်ပီယံဆုအတွက် နာပိုလီကိုအကောင်းဆုံးဖိအားပေးနေပြီး ဒီလိုပွဲမျိုးကို ခြေချော်မှုမရှိအောင် ဂရုစိုက်ရပါလိမ့်မယ်။ အမ်ပိုလီကတော့ စီးရီးအေနောက်ဆုံး (၇)ပွဲမှာ (၅) ပွဲအထိရှုံးခဲ့ပြီး တန်းဆင်းဇုန်က အသင်းနဲ့တောင် (၂)မှတ်ပဲ ကွာတော့တယ်။ ဒီပုံစံနဲ့တော့ မီလန်မြေမှာ အင်တာမီလန်ကို အမ်ပိုလီအသင်း ယှဉ်နိုင်ဖို့မရှိပါဘူး။ အင်တာမီလန် အနိုင်သေချာပြီး ဂိုးပြတ်၊ မပြတ်ပဲ စောင့်ကြည့်ရမယ်။