Eleven Media Group

■ ပြင်သစ်လီဂူးပွဲစဉ် (၁၈) ပွဲကြိုသုံးသပ်ချက်

စိန့်အက်တီယန် - နန့်စ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၉ ရက် ည ၈:၃၀ နာရီ)
ဒီ(၂)သင်းတွေ့ဆုံတဲ့ နောက်ဆုံး (၅)ပွဲမှာ (၄)ပွဲက သရေပွဲတွေနဲ့ အဆုံးသတ်ခဲ့တယ်။ အိမ်ကွင်းအားသာချက်ရှိတဲ့ စိန့်အက်တီယန်ကို ရွေးချယ်ချင်တယ်။


Reims - လူအယ်ဗာ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၉ ရက် ည ၁၀:၄၅ နာရီ)
လူအယ်ဗာက ဒီရာသီမှာ အတော့်ကို ကျဆင်းနေတယ်။ Reims ကလည်း လီဂူးနောက်ဆုံး (၆)ပွဲဆက် နိုင်ပွဲပျောက်ခဲ့တယ်။ သရေကျဖို့များတယ်။


အန်ဂါစ် - အော်ဇေး (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၁၉ ရက် ည ၁၀:၄၅ နာရီ)
အန်ဂါစ်က နောက်ဆုံး (၂)ပွဲဆက် အနိုင်ကစားပြီး တန်းဆင်းဇုန်ရဲ့အပြင်ကို ရောက်လာတယ်။ ဒီပွဲလည်း အန်ဂါစ်သရေနဲ့ အနိုင်ပါပဲ။


မာဆေးလ် - စထရာဘိုး (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၀ ရက် နံနက် ၂:၁၅ နာရီ)
မာဆေးလ်က စထရာဘိုးနဲ့တွေ့တဲ့ နောက်ဆုံး (၅)ပွဲဆက် နိုင်ပွဲပျောက်ခဲ့တယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ဒီဇယ်ဘီရဲ့ အသင်းက အကောင်းဆုံးပုံစံပြနေတယ်။ ပထမအကျော့ရှုံးကြွေးကို မာဆေးလ်အသင်း ပြန်ဆပ်လိမ့်မယ်။

မူရင်းသတင်း — Eleven Media Group