Eleven Media Group

ပရီးမီးယားလိဂ်၊ စီးရီးအေနှင့် လာလီဂါ ပွဲကြိုသုံးသပ်ချက်

Photo: AFP

ချယ်လ်ဆီး နှင့် ဝုလ်ဗ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၃၀ နာရီ)

ချယ်လ်ဆီးက ပရီးမီးယားလိဂ်မှာ နိုင်ပွဲပျောက်တာ ၅ ပွဲဆက်ဖြစ်သွားပြီ။ ပွဲတိုင်းမှာ အားကောင်းတဲ့ တိုက်စစ်ပုံစံကို ပြသနိုင်တယ်။ အခွင့်အရေးတွေ ဖန်တီးနိုင်တယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ချေပဂိုးပေးလိုက်ရတာမျိုး၊ ရှုံးသွားတာမျိုးတွေဖြစ်နေတယ်။ ဝုလ်ဗ်က နည်းပြသစ်နဲ့အတူ အဖွင့်လှခဲ့ပေမဲ့ အခုနောက်ပိုင်း နည်းနည်းလေး ပြန်ကျသွားတယ်။ ချယ်လ်ဆီး အနိုင်ရသင့်ပါတယ်။

ကိုမို နှင့် အူဒီးနီးစ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၁၅ နာရီ)

ပထမအကျော့တွေ့ဆုံမှုမှာ ကိုမိုကို အူဒီးနီးစ်ရှုံးခဲ့ပေမဲ့ ကစားပုံမညံ့ခဲ့ပါဘူး။ ဒါ့အပြင် နောက်ပိုင်းမှာ အိမ်ကွင်းရလဒ် ကောင်းလာတဲ့ ကိုမိုရဲ့ကွင်းတွင်းခြေစွမ်းကလည်း အထင်ကြီးစရာပါပဲ။ ကိုမိုကို ကြိုက်တယ်။

ဗီလာရီးယဲလ် နှင့် မာယော့ကာ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၃၀ နာရီ)

နှစ်သစ်မှာ မာယော့ကာ အဝေးကွင်းကစားပုံပျက်နေတယ်။ အထူးသဖြင့် ခံစစ်လျော့နေလို့ ဗီလာရီးယဲလ်ကို တားနိုင်ဖို့ခက်လိမ့်မယ်။ ဗီလာရီးယဲလ်နဲ့ ဂိုးအများပဲ ကြိုက်တယ်။

မူရင်းသတင်း — Eleven Media Group