Eleven Media Group

ဇူဘီမန်ဒီအတွက် ကစားသမားနှစ်ဦး အလိုက်ပေးပြီး အာဆင်နယ်ကမ်းလှမ်း

Photo: X

အာဆင်နယ်အသင်းသည် ဆိုစီဒက်အသင်းမှ စပိန်ကွင်းလယ်ကစားသမား ဇူဘီမန်ဒီအား ခေါ်ယူရန် ကစားသမားနှစ်ဦး အလိုက်ပေးကာ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အာဆင်နယ်အသင်း သည် ဇူဘီမန်ဒီ(၂၅ နှစ်)အား ခေါ်ယူရန် ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရယူနိုင်ခဲ့ပြီးနောက် ဆိုစီဒက်အသင်းထံ ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အာဆင်နယ်အသင်းက ငွေသားပေါင်(၂၅) သန်းနှင့်အတူ ကီဝီယောနှင့် တော်မီယာဆုတို့ကို အလိုက်ပေးကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇူဘီမန်ဒီသည် ပြီးခဲ့သည့်နွေရာသီတွင် လီဗာပူးလ်အသင်း၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သော်လည်း လက်ရှိအချိန်၌ ပရီးမီးယားလိဂ်တွင် ကစားရန် ဆန္ဒရှိနေကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group