
PSG နှင့် မန်စီးတီး
PSG က လက်ရှိ ပြင်သစ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေပြီး ပြည်တွင်းလိဂ်မှာ ခြေစွမ်းတည်ငြိမ်ပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်မှာတော့ တော်တော်လေး ရုန်းကန်နေရပြီး လက်ရှိအချိန်မှာ အမှတ်ပေးဇယား အဆင့် ၂၅ နေရာအထိ ရောက်နေတယ်။ ဒီပွဲမှာသာ မန်စီးတီးကို အိမ်ကွင်းမှာရှုံးရင် ပြိုင်ပွဲက ထွက်ခွာသွားရနိုင်တဲ့ အခြေအနေနဲ့တောင် ရင်ဆိုင်ရနိုင်တယ်။ စီးတီးကိုယ်တိုင်လည်း သူတို့ရဲ့ Transition တွေ Pressing တွေမှာ အရင်လိုတင်းအားမရှိပဲ လျော့နေတဲ့အချိန်ပါ။ ဒါ့အပြင် ချန်ပီယံလိဂ်အပြင် ပြည်တွင်းလိဂ်မှာပါ ရုန်းကန်နေရချိန်လည်း ဖြစ်နေတယ်။ အမှတ်ပိုလိုအပ်တဲ့အပြင်၊ အိမ်ကွင်းလည်း ဖြစ်နေတဲ့ PSG အသာစီးရမယ်ထင်တယ်။
ရီးယဲလ်မက်ဒရစ် နှင့် ဆာလ်ဇ်ဘာ့ဂ်
ရီးယဲလ်မက်ဒရစ်က ဒီရာသီ ချန်ပီယံလိဂ်မှာ ၆ ပွဲကစားပြီးချိန် ရမှတ် ၉ မှတ်ပဲ ရထားတယ်။ အဆင့် ၂၀ နေရာမှာ ရပ်တည်နေတယ်။ တိုက်ရိုက်တက်ခွင့်ရမယ့် ထိပ်ဆုံး ၈ သင်းထဲဝင်ဖို့ မလွယ်တော့ဘဲ Play-offs မှာ ပွဲမကျပ်အောင် အဆင့် ၁၆ အတွင်းဝင်ဖို့တော့ ပစ်မှတ်ထားရမယ်။ ဆာလ်ဇ်ဘာ့ဂ်က ဘာမှ မျှော်လင့်ချက် မရှိတဲ့အသင်းတစ်သင်းပါ။ လီဗာပူးလ်အသင်းလက်ထောက်နည်းပြဟောင်း ပပ်လင်ဒါစ်လက်ထက်မှာ ခါတိုင်းနှစ်တွေထက် ပိုအားနည်းနေပြီး စိတ်ပျက်စရာရလဒ်တွေနဲ့ ရင်ဆိုင်နေရတယ်။ လက်ကျန် ၂ ပွဲစလုံးအနိုင်ရခဲ့ရင် ရမှတ် ၁၅ မှတ်အထိ ရနိုင်သေးတဲ့ ရီးယဲလ်မက်ဒရစ် အိမ်ကွင်းမှာ နိုင်ပွဲယူဖို့ သေချာတယ်။
ဖီယင်နု နှင့် ဘိုင်ယန်မြူးနစ်
ဘိုင်ယန်မြူးနစ်က ဘွန်ဒစ်လီဂါမှာ ထိပ်ဆုံးကရပ်တည်နေပြီး လေဗာကူဆင်ကိုအမှတ်ဖြတ်ထားတယ်။ ချန်ပီယံလိဂ်မှာလည်း ရလဒ်ပိုင်းပြန်တိုးတက်လာတာတွေ့ရတယ်။ ဖီယင်နုက မန်စီးတီးနဲ့ပွဲမှာ ပြသခဲ့တဲ့ခြေစွမ်းအပါအဝင် မာကျောမှုကို ပြသနိုင်တဲ့အသင်းတစ်သင်းပါ။ ဒါပေမဲ့ Squad Quality အပိုင်းရော၊ ခြေစွမ်းနဲ့ အဆင့်အတန်းပါ ဘိုင်ယန်က အများကြီးသာပါတယ်။ ဘိုင်ယန်ပဲ နိုင်မယ်။
အေစီမီလန် နှင့် ဂျီရိုနာ
အေစီမီလန်အသင်းရော၊ ဂျီရိုနာအသင်းပါ သက်ဆိုင်ရာ လိဂ်တွေမှာ အဆင့် ၈ နေရာမှာ ရပ်တည်နေတဲ့အသင်းတွေဖြစ်တယ်။ ချန်ပီယံလိဂ်မှာ အေစီမီလန်က အဆင့် ၁၂ မှာ ရပ်တည်နေပြီး ပုံစံကောင်းပြနေတယ်။ ဒီပွဲအတွက် ဒဏ်ရာပြဿနာတွေတော့ ရှိနေတယ်။ အေစီမီလန်ပဲ နိုင်လိမ့်မယ်။
စပါတာပရပ်ဂ် နှင့် အင်တာမီလန်
စပါတာပရပ်ဂ်က ရမှတ် ၄ မှတ်နဲ့ အဆင့် ၂၈ ဖြစ်နေပြီး အင်တာမီလန်က ထိပ်ဆုံး ၈ သင်းထဲမှာ ရပ်တည်နေတဲ့အသင်း ဖြစ်တယ်။ ဒီပွဲအနိုင်ရပြီးရင် တိုက်ရိုက်ခြေစစ်ပွဲအောင်ဖို့ တော်တော်လေးအခြေအနေကောင်းသွားနိုင်တယ်။ အဝေးကွင်းဆိုပေမယ့် အင်တာမီလန်နိုင်မယ်။
အာဆင်နယ် နှင့် ဒိုင်နမိုဇာဂရက်
အာဆင်နယ်က ရမှတ် ၁၃မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေတယ်။ နောက်ဆုံးကစားခဲ့တဲ့ မိုနာကိုအသင်းနဲ့ပွဲမှာ ဂိုး ပြတ်နိုင်ပွဲယူခဲ့ပြီး အသင်းရဲ့တိုက်စစ်စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တယ်။ အာဆင်နယ်အသင်းရဲ့ ချန်ပီယံလိဂ်အိမ်ကွင်းရလဒ်က တော်တော်လေးအားကောင်းတဲ့အပြင် လက်ရှိ ခြေစွမ်းပိုင်းအရလည်း ဇာဂရက်ထက် အများကြီး ပိုအားကောင်းတာတွေ့ရတယ်။ ဇာဂရက်ရဲ့ တန်ပြန်တိုက်စစ်ကိုတော့ နည်းနည်းသတိထားရမယ်။ အာဆင်နယ်အသင်း ဂိုးပြတ်သွင်းမယ်။
■ အခြားပွဲစဉ်များ
*လိုက်ပ်ဇစ် - စပို့တင်းလစ္စဘွန်း
ရှက်တာဒိုးနက် - ဘရက်စ်*
*ဆဲလ်တစ် - ယန်းဘွိုင်းစ်