
မန်ယူအသင်းသည် ကျန်းမာရေးရန်ပုံငွေအတွက် RED စာတန်းပါဂျာစီကို မေလတွင် ဝတ်ဆင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် မန်ယူအသင်း၏ရင်ဘတ်စပွန်ဆာမှာ Snapdragon ဖြစ်သော်လည်း ၎င်းတို့၏ စာတန်းနေရာ၌ RED ဟူသည့် စာတန်း တပ်ဆင်ရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
မန်ယူအသင်းသည် ယင်းစာတန်းပါဂျာစီကို မေ(၁၀)တွင် ယှဉ်ပြိုင်ရမည့် ဝက်စ်ဟမ်းနှင့်ပွဲတွင် ဝတ်ဆင်မည်ဖြစ်သည်။
မန်ယူအမျိုးသမီးအသင်းကလည်း မေလ(၁၁)ရက်တွင်ကစားမည့် အာဆင်နယ်နှင့်ပွဲတွင် ဝတ်ဆင်မည်ဟု သိရသည်။
Snapdragon ၏မိခင်ကုမ္ပဏီ Qualcomm Technologies သည် မန်ယူအသင်းနှင့် တစ်နှစ် ပေါင် သန်း ၆၀ တန် စပွန်ဆာစာချုပ် ချုပ်ဆိုထားခြင်းဖြစ်သည်။
RED အဖွဲ့အစည်းကို ဘိုနိုနှင့် ဘော်ဘီရှရီဗာတို့က ၂၀၀၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး AIDS ရောဂါဝေဒနာရှင်များကို အဓိကကူညီပေးလျက်ရှိသည်။