Eleven Media Group

■ ဆန်းတို့စ်အသင်းသို့ နေမာ ပြန်လည်ပြောင်းရွှေ့ရန် နီးစပ်နေပြီဟု သတင်းထွက်

Photo: Transfermarkt

ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းမှ နာမည်ကျော် ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာသည် ငယ်ဘဝအသင်းဟောင်း ဆန်းတို့စ်အသင်းထံ ပြန်လည်ပြောင်းရွှေ့ရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။

နေမာ(၃၂ နှစ်)သည် အယ်လ်ဟီလာအသင်းနှင့် လာမည့်နွေရာသီ၌ စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး နှစ်ဖက်စလုံးက လမ်းခွဲရန် ဆန္ဒရှိနေသည်။

အယ်လ်ဟီလာအသင်းသည် နေမာကို ဒုတိယရာသီဝက်အတွက် အသင်းလူစာရင်းတွင် မထည့်သွင်းရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။

သို့သော် နေမာက စာချုပ်ဖျက်သိမ်းလျှင် လစာငွေအပြည့်အဝရရှိရန် တောင်းဆိုထားကြောင်း သိရသည်။

ယင်းကဲ့သို့ စာချုပ်ဖျက်သိမ်းခြင်းမပြုနိုင်ပါကလည်း နေမာသည် ဆန်းတို့စ်အသင်းထံ ရာသီကုန်အထိ အငှားဖြင့် ပြောင်းရွှေ့ကစားရန် စီစဉ်ထားကြောင်း သိရသည်။

၎င်းသည် အစောပိုင်းကလည်း မေဂျာလိဂ်ကလပ်အချို့နှင့် သတင်းများ ထွက်ပေါ်ခဲ့သည်။

မူရင်းသတင်း — Eleven Media Group