Eleven Media Group

■ ချန်ပီယံလိဂ် ပွဲစဉ်-၇(ပထမနေ့) ပွဲကြိုသုံးသပ်ချက်

Photo: Liverpool FC

◘ မိုနာကို - အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၂ ရက် နံနက် ၀၀:၁၅ နာရီ)

မိုနာကိုအသင်းက ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၁၆ နေရာမှာ ရပ်တည်နေပြီး အက်စတွန်ဗီလာကတော့ ရမှတ် ၁၃ မှတ်နဲ့ ထိပ်ဆုံး ၈ သင်းထဲ ရောက်နေတယ်။ အက်စတွန်ဗီလာက ချန်ပီယံလိဂ်မှာ အသင်းကြီးတွေနဲ့ ကောင်းကောင်းရင်ဆိုင်နိုင်ခဲ့ပြီး ပုံစံကောင်းလည်းပြသနိုင်တယ်။ ဒါပေမဲ့ မိုနာကိုအသင်းက လျှော့တွက်လို့မရတဲ့ အသင်းပါ။ အိမ်ကွင်းမှာလည်း အားကောင်းတယ်။ မိုနာကို မရှုံးနိုင်ဘူး။

◘ အက်သလက်တီကို - လေဗာကူဆင် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၂ ရက် နံနက် ၂:၃၀ နာရီ)

အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ကြောက်စရာ အိမ်ကွင်းအားနဲ့ ရလဒ်ပိုင်းကို လေဗာကူဆင် သတိထားရလိမ့်မယ်။ ဆီမြွန်နီရဲ့အသင်းက အရေးကြီးတဲ့ပွဲတွေမှာ ခံစစ်ပိုင်းကျစ်လျစ်မှုနဲ့ မာကျောမှု အရမ်းအာကောင်းပြီး Tactical Discipline တော်တော်လေးအားကောင်းတယ်။ လေဗာကူဆင်က တိုက်စစ်ပိုင်းကစားပုံ ပိုပြီးဆွဲဆောင်မှုရှိတဲ့အသင်းပါ။ ဒါ့အပြင် ရလဒ်ပိုင်းကလည်း တော်တော်လေးတည်ငြိမ်နေတယ်။ အတွေ့အကြုံနဲ့ အိမ်ကွင်းအားသာချက်ကြောင့် တီကိုကိုကြိုက်တယ်။

◘ ဘင်ဖီကာ - ဘာစီလိုနာ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၂ ရက် နံနက် ၂:၃၀ နာရီ)

ဘင်ဖီကာက လက်ရှိ အချိန်မှာ ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၁၅ နေရာမှာ ရပ်တည်နေတယ်။ ဒီပြိုင်ပွဲမှာ အစဉ်အလာရှိတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပြီး နောက်တစ်ဆင့်တက်ဖို့အတွက် အစွမ်းကုန်ကြိုးစားရမယ့် အနေအထားလည်းဖြစ်တယ်။ ဘာစီလိုနာကတော့ လီဗာပူးလ်အသင်းရဲ့နောက် အဆင့် ၂ နေရာမှာ ရပ်တည်နေတယ်။ ဖလားပွဲတွေမှာ အကောင်းဆုံးရလဒ်တွေကို မြင်နေရတယ်။ ခြေစွမ်းရော၊ တိုက်စစ်ပါ ထက်မြက်နေတဲ့အချိန်ဖြစ်လို့ ပေါ်တူဂီမြေမှာ နိုင်ပွဲယူနိုင်တယ်။

◘ ဘိုလော့ဂ်နာ - ဒေါ့မွန် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၂ ရက် နံနက် ၂:၃၀ နာရီ)

သီယာဂိုမော့တာလက်ထက် ဘိုလော့ဂ်နာနဲ့ လက်ရှိ ဘိုလော့ဂ်နာက တော်တော်လေးကွာခြားသွားပြီ။ ဗင်းဆင့်ဇိုအီတာလီယာနိုလက်အောက် ပြည်တွင်းမှာ ရုန်းကန်နေရသလို၊ ချန်ပီယံလိဂ်မှာလည်း ကျန်ခဲ့ဖို့ သေချာတဲ့အသင်းပါ။ ဒေါ့မွန်က ထိပ်ဆုံး ၈ သင်းထဲဝင်ဖို့အတွက် ရုန်းကန်မယ့်အနေအထားဖြစ်ပြီး လက်ရှိခြေစွမ်းကတော့ ပြည်တွင်းမှာ ရှုံးပွဲဆက်နေတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်မှာ ခြေစွမ်းပြနေသလို၊ ဘိုလော့ဂ်နာထက်လည်း အားကောင်းပါတယ်။ ဒေါ့မွန် နိုင်မယ်။

◘ ကလပ်ဘရုဂေး - ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၂ ရက် နံနက် ၂:၃၀ နာရီ)

ကလပ်ဘရုဂေးက ပြည်တွင်းလိဂ်မှာ တော်တော်လေးအားကောင်းတဲ့ Form ကို ပြသနေတယ်။ လက်ရှိအချိန်မှာ ထိပ်တန်းအဆင့်ကစားသမားနည်းပေမဲ့ ဒီအသင်းက တစ်ချိန်မှာ ကြယ်ပွင့်ဖြစ်လာမယ့် ကစားသမားတွေ ထွက်လေ့ရှိတဲ့အသင်းပါ။ ဂျူဗင်တပ်စ်ကိုလည်း အိမ်ကွင်းမှာ ဒုက္ခပေးနိုင်တဲ့အနေအထားမှာရှိတယ်။ ဒါပေမဲ့ ဂျူဗင်တပ်စ်ရဲ့ အတွေ့အကြုံနဲ့ အရည်အသွေးက ဘရုဂေးကိုကျော်ဖြတ်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ဂျူဗင်တပ်စ်ပဲ ကပ်နိုင်သွားမယ်။

◘ ကလပ်ဘရုဂေး - ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၂ ရက် နံနက် ၂:၃၀ နာရီ)

နည်းပြ အာနယ်ဆလော့ရဲ့အသင်းက မယုံနိုင်စရာ ရလဒ်ပိုင်းနဲ့အတူ မြင်ရတယ်။ ပြည်တွင်းလိဂ်မှာ အမှတ်ဖြတ်ထားပြီး ဦးဆောင်နေသလို၊ ချန်ပီယံလိဂ်မှာလည်း ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ ထိပ်ဆုံးမှာ ရပ်တည်နေတယ်။ ဒီပွဲနိုင်ရင် League Phase အဆင့်ကို ထိပ်ဆုံးက ရပ်တည်နိုင်ဖို့လည်း အခွင့်အလမ်းများနေတယ်။ လိုင်လီကိုယ်တိုင်လည်း စံချိန်တင် ရှုံးပွဲမရှိရလဒ်တွေနဲ့ ဖြတ်သန်းနေပြီး ချန်ပီယံလိဂ်မှာ အခြေအနေကောင်းပါတယ်။ ဒါပေမဲ့ လီဗာပူးလ်ကိုတော့ မယှဉ်နိုင်လောက်ဘူး။

◘ အခြားပွဲစဉ်များ

*အတ္တလန်တာ - စတမ်းဂရက်ဇ်
ဇဗက်ဒါ - PSV*
ဆလိုဗန် - စတုဂတ်*

မူရင်းသတင်း — Eleven Media Group