Eleven Media Group

မိမိတို့အသင်း ဥရောပဝင်ခွင့်ရရှိနိုင်သည်ဟု ဘုန်းမောက်အသင်း တိုက်စစ်ကစားသမား ဂျပ်စတင်ကလွိုက်ဗတ် ကြုံးဝါး

Photo: X

ဘုန်းမောက်အသင်း၏ တိုက်စစ်ကစားသမား ဂျပ်စတင်ကလွိုက်ဗတ်က မိမိတို့အသင်းအနေဖြင့် ရာသီကုန်ချိန်၌ ဥရောပဝင်ခွင့်ရရှိနိုင်သည်ဟု ကြုံးဝါးပြောကြားခဲ့သည်။

ဂျပ်စတင်ကလွိုက်ဗတ်သည် နယူးကာဆယ်အား အဝေးကွင်း၌ အနိုင်ရသည့်ပွဲတွင် ဟက်ထရစ်သွင်းယူကာ ခြေစွမ်းပြခဲ့ပြီးနောက် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂျပ်စတင်ကလွိုက်ဗတ်သည် ပရီးမီးယားလိဂ်၌ တစ်ရာသီအတွင်း အဝေးကွင်းတွင် တစ်ကြိမ်ထက်ပို၍ ဟက်ထရစ်သွင်းယူနိုင်သော(၇)ဦးမြောက်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

"အသင်းမှာ ဥရောပဝင်ခွင့်ရဖို့ ရည်မှန်းထားတဲ့သူတွေ အများကြီးပါ။ ကျွန်တော်တို့ ရယူနိုင်စွမ်းရှိပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အရမ်းခက်ပေမဲ့ ဘယ်သူကြိုသိနိုုင်မှာလဲ"ဟု ၎င်းက ဆိုခဲ့သည်။

ဘုန်းမောက်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် ၂၂ အပြီးတွင် ရမှတ် ၃၇ မှတ်ဖြင့် အဆင့် ၇ နေရာ၌ ရပ်တည်လျက်ရှိပြီး အဆင့် ၄ နေရာမှ ချယ်လ်ဆီးအသင်း ရမှတ် ၄၀ နှင့် ၃ မှတ်သာကွာဟလျက်ရှိသည်။

မူရင်းသတင်း — Eleven Media Group