Eleven Media Group

■ ခေါင်းပြန်ထောင်လာတဲ့ အန်ဇိုဖာနန်ဒက်ဇ်ရဲ့ ခွဲခြားဆက်ဆံမှု

Photo: Getty Images

လူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေးအဖွဲ့ Kick It Out (KIO) က ချယ်လ်ဆီးကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ကို အရေးယူချင်နေပါတယ်။ အာဂျင်တီးနားရဲ့ကိုပါအမေရိကအောင်ပွဲခံအခမ်းအနားမှာ ပြင်သစ်သွေးနှောကစားသမားတွေကို ခွဲခြားဆက်ဆံခဲ့တာပါ။ အဲဒီဖြစ်ရပ်အတွက် အန်ဇို ပြစ်တင်ဝေဖန်ခံရပေမဲ့ ကြီးကြီးမားမားအရေးယူ မခံရပါဘူး။ အခု Kick It Out က အန်ဇိုကို အရေးယူ၊ မယူဆိုတာ ဖီဖာထံမေးမြန်းခဲ့တာပါ။ အန်ဇိုရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေဟာ ထင်သာမြင်သာမရှိဘူးလို့ Kick It Out က ယူဆနေပါတယ်။

မူရင်းသတင်း — Eleven Media Group