Eleven Media Group

စာချုပ်သစ်အတွက် ဆွေးနွေးမှုမရှိသေးဟု ဒီဘရိုင်းနား ဝန်ခံ

Photo: De Bruyne X

ယခုရာသီကုန်တွင် မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် ဘယ်လ်ဂျီယံဝါရင့်ကွင်းလယ်ကစားသမား ဒီဘရိုင်းနားက စာချုပ်သစ်အတွက် ဆွေးနွေးမှုမရှိသေးကြောင်း ဝန်ခံပြောကြားခဲ့သည်။
ဒီဘရိုင်းနား(၃၃ နှစ်)သည် ယခုရာသီကုန်တွင် မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၎င်းကိုခေါ်ယူရန် ဆော်ဒီနှင့် အမေရိကန်ကလပ်များက စိတ်ဝင်စားနေကြောင်း သိရသည်။
မန်စီးတီးအသင်းသည် ဟာလန်းအား (၉)နှစ်ခွဲ သက်တမ်းရှိစာချုပ်သစ်တစ်ရပ် ချုပ်ဆိုခဲ့သော်လည်း ဒီဘရိုင်းနားကိုမူ စာချုပ်သစ်အတွက် ကမ်းလှမ်းမှုမရှိသေးကြောင်း သိရသည်။
ဒီဘရိုင်းနားက စာချုပ်သစ်အတွက်ဆွေးနွေးမှု မရှိသေးသော်လည်း ယင်းအတွက် စိတ်မပူကြောင်း ပြောကြားခဲ့သည်။
ဒီဘရိုင်းနားသည် အသက်အရွယ်ရလာပြီဖြစ်သည့်အတွက် မန်စီးတီးအသင်းက တစ်နှစ်ချင်းသာ သက်တမ်းတိုးရန် ကမ်းလှမ်းဖွယ်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group