Eleven Media Group

ဘင်ဖီကာနှင့်ပွဲမှ သင်ခန်းစာယူရန် လီဝန်ဒေါစကီး တိုက်တွန်း

Photo: B/R Football

ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီးက ဘင်ဖီကာအား (၅-၄)ဂိုးဖြင့် အနိုင်ရသည့်ပွဲမှ သင်ခန်းစာယူကြရန် အသင်းဖော်များကို တိုက်တွန်းခဲ့သည်။
ဘာစီလိုနာအသင်းသည် အင်္ဂါနေ့က ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဘင်ဖီကာအသင်းကို နောက်မှ အကြိမ်ကြိမ်လိုက်ကစားခဲ့ရပြီး ပွဲအပြီးတွင် (၅-၄)ဂိုးဖြင့် အနိုင်ရခဲ့သည်။
ယင်းနိုင်ပွဲကြောင့် ဘာစီလိုနာအသင်းသည် ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်သို့ စောစီးစွာတိုက်ရိုက်တက်ရောက်ခွင့်ရရှိခဲ့သည်။
အဆိုပွဲအပြီးတွင် လီဝန်ဒေါစကီးက ''အရေးအကြီးဆုံးက ကျွန်တော်တို့ အနိုင်ရခဲ့တာပါပဲ။ ကျွန်တော်တို့အနေနဲ့ ဒီပွဲကနေ ခံစစ်ကို ဘယ်လိုပိုကောင်းအောင် ကစားရမလဲဆိုတာကို သင်ယူရမှာပါ။ (၄-၄) ဖြစ်နေချိန်မှာ ကျွန်တော်တို့ ဒီထက် ပိုတည်ငြိမ်ခဲ့သင့်ပါတယ်။ ဘင်ဖီကာ (၄-၃)နဲ့ နိုင်နေတုန်းကလည်း သူတို့ ဂိုးသွင်းခွင့်ရခဲ့တာပါ။ ဒါကို တိုးတက်အောင် ကျွန်တော်တို့ ကြိုးစားရပါမယ်''ဟု ပြောကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group