Eleven Media Group

ဖိအားများကို နှစ်သက်ကြောင်း ရီးယဲလ်တိုက်စစ်မှူး ဘာပေ ဖွင့်ဟ

Photo: X

ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ဘာပေက မိမိအနေဖြင့် ဖိအားများကို နှစ်သက်ကြောင်း ဖွင့်ဟပြောကြားခဲ့သည်။
ပြီးခဲ့သည့်နွေရာသီတွင် PSG အသင်းမှ ရီးယဲလ်အသင်းထံသို့ ပြောင်းရွှေ့အလွတ်ဖြင့် ရောက်ရှိလာသည့် ဘာပေသည် ရီးယဲလ်အသင်းတွင် ထင်မှတ်ထားသလောက် ခြေစွမ်းပြနိုင်ခြင်းမရှိသဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
သို့သော် ဘာပေက ဖိအားများကို နှစ်သက်ပြီး ပိုကောင်းအောင် ကြိုးစားနေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဘာပေက ''ကျွန်တော်က ဖိအားတွေကို နှစ်သက်သူပါ။ ရလဒ်တွေ မကောင်းတဲ့အခါ လူတွေ လှောင်ပြောင်ကြတာ ပုံမှန်ပါပဲ။ လှောင်ပြောင်သံတွေကို ပြောင်းလဲဖို့က ကျွန်တော်တို့ အလုပ်ပါ။ ပရိသတ်တွေ လှောင်ပြောင်တာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ပြဿနာမရှိပါဘူး။ ကျွန်တော်တို့အသင်း စုစည်းမှုရှိဖို့ပဲ အရေးကြီးတာပါ။ အကောင်းဆုံးဖြစ်အောင် ကြိုးစားေးနပါတယ်''ဟုဆိုခဲ့သည်။
ယခုရာသီ ပြိုင်ပွဲစုံ ဂိုး(၄၀)သွင်းနိုင်ရန် ရည်မှန်းကြောင်းလည်း ၎င်းက ဆိုခဲ့သည်။

မူရင်းသတင်း — Eleven Media Group