
အာဆင်နယ်နည်းပြ အာတီတာက တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရသည့် ပြင်သစ်နောက်ခံကစားသမား ဆာလီဘာအနေဖြင့် မန်စီးတီးနှင့်ပွဲတွင် ပါဝင်ကစားနိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။
ဆာလီဘာသည် တံကောက်ကြောဒဏ်ရာကြောင့် အက်စတွန်ဗီလာ၊ ဒိုင်နမိုဇာဂရက်တို့နှင့်ကစားခဲ့သည့်ပွဲစဉ်များကို လွဲချော်ခဲ့သည်။
သို့သော် အာတီတာက ဆာလီဘာ၏ ဒဏ်ရာမှာ တိုးတက်မှု ရှိနေပြီး ဖေဖော်ဝါရီ (၂) ရက်တွင် ကစားမည့် မန်စီးတီးနှင့် ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်တွင် ပါဝင်ကစားနိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆာလီဘာသည် စပါးအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် လန်ဒန်ဒါဘီပွဲတွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
အာဆင်နယ်အသင်း၏ နောက်ခံလူဟောင်းဖြစ်သည့် ဂါးလက်စ်ကမူ ဆာလီဘာသည် (၁၅)ရက်အတွင်း (၅)ပွဲကစားခဲ့ရခြင်းကြောင့် ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး ယင်းသို့ အသုံးပြုခဲ့သည့် အာတီတာ၏အမှားဖြစ်သည်ဟု ပြစ်တင်ဝေဖန်ခဲ့သည်။