
ဂျူဗင်တပ်စ်အသင်းသည် PSG အသင်းမှ ပြင်သစ်တိုက်စစ်မှူး မူအာနီကို ရာသီကုန်အထိ အငှားစာချုပ်ဖြင့် ခေါ်ယူခဲ့ကြောင်း သိရသည်။
မူအာနီ(၂၆ နှစ်)သည် ၂၀၂၃ နွေရာသီတွင် ဖရန့်ဖတ်အသင်းမှ PSG အသင်းသို့ ကနဦးပြောင်းရွှေ့ ကြေး ယူရိုသန်း(၈၀)ဖြင့် ရောက်ရှိခဲ့သူဖြစ်သည်။
PSG အသင်းက ၎င်းကို ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့သော်လည်း ယခုရာသီတွင် ပုံမှန်ပွဲထွက်ခွင့်ရရှိရန် ရုန်းကန်နေရသည်။
ထို့ကြောင့် PSG အသင်းက ၎င်းကို အငှားချဖွယ်ရှိကြောင်း အစောပိုင်းကတည်းက သတင်းထွက်ခဲ့ပြီး ပရီးမီးယားလိဂ်ထိပ်သီးအသင်းများဖြစ်သည့် မန်ယူနှင့် စပါးတို့က ၎င်းကို ခေါ်ယူရန် စိတ်ဝင်စားခဲ့ကြသည်။
သို့ သော် ယခုအခါ တိုက်စစ်ပိုင်းအင်အားဖြည့်တင်းရန် ကြိုးပမ်းနေသည့် ဂျူဗင်တပ်စ်အသင်းက ၎င်းအား ရာသီကုန်အထိ အငှားဖြင့် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
ဂျူဗင်တပ်စ်အသင်းသည် မူအာနီကို ရာသီကုန်အထိ အငှားဖြင့် ခေါ်ယူခဲ့ခြင်းအတွက် ငှားရမ်းခအဖြစ် ယူရို(၁)သန်း ပေးချေရမည်ဖြစ်ပြီး စွမ်းဆောင်ရည်အပေါ်မူတည်၍ ယူ ရို(၂)သန်း ထပ်မံပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။
ဂျူဗင်တပ်စ်အသင်းက ''တူရင်ကို သူ ရောက်ရှိလာတာက သီယာဂိုမော့တာရဲ့ လူစာရင်းအတွက် အရေးပါတဲ့ အားဖြည့်မှုတစ်ခုပါပဲ။ သူက အရည်အသွေးရော အတွေ့အကြုံပါ အသင်းအတွက် ယူဆောင်လာတဲ့သူပါ။ ကြိုဆိုပါတယ် မူအာနီ''ဟု အသင်းဝက်ဘ်ဆိုက်မှတစ်ဆင့် ရေးသားဖော်ပြခဲ့သည်။