Eleven Media Group

■ ဆန်းတို့စ်တွင် နေမာပြန်ကစားရန် ဗင်နီစီယပ်စ်နှင့် ရာဖင်ညာတို့ မျှော်လင့်နေ

Photo: Getty Images

ဘရာဇီးလ်အသင်း၏ ကစားသမားနှစ်ဦးဖြစ်သော ဗင်နီစီယပ်စ်နှင့် ရာဖင်ညာတို့သည် ဘရာဇီးလ်အသင်းဖော် နေမာကို ဆန်းတို့စ်အသင်းတွင် ပြန်လည်ကစားရန် မျှော်လင့်နေကြောင်း သိရသည်။

နေမာသည် လက်ရှိအချိန်တွင် အယ်လ်ဟီလာအသင်းနှင့် စာချုပ်ဖျက်သိမ်း၍ ဆန်းတို့စ်သို့ ပြန်လည်ပြောင်းရွှေ့ကစားရန် စီစဉ်နေကြောင်း သတင်းထွက်နေသည်။

ထို့ကြောင့် ရာဖင်ညာက နေမာ ဘရာဇီးလ်လိဂ်သို့ ပြန်ကစားပါက နှစ်ဖက်စလုံးအတွက် အကျိုးရှိမည့်အခြေအနေဟု သုံးသပ်ခဲ့သည်။

ထို့ပြင် ဗင်နီစီယပ်စ်ကလည်း ဆန်းတို့စ်အသင်းသည် နေမာ၏ အကောင်းဆုံးခြေစွမ်းကို ပြန်လည်ဖော်ထုတ်ပေးနိုင်မည့်အသင်းဖြစ်သည်ဟု သုံးသပ်ခဲ့သည်။

အသက် (၃၂) နှစ်အရွယ်ရှိ နေမာအား ခေါ်ယူရန် ဆန်းတို့စ်အသင်း မေဂျာလိဂ်ကလပ်များကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။

နေမာသည် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေရသော်လည်း ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘရာဇီးလ်လက်ရွေးစင်နှင့်အတူ ကစားခွင့်ရရန် မျှော်လင့်နေကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group