Eleven Media Group

■ မန်စီးတီး ချန်ပီယံလိဂ်မှ ထွက်ရလျှင် သတင်းကောင်းဖြစ်မည်ဟု အန်ဆယ်လော့တီ ဆို

Photo: Real Madrid

ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက မန်စီးတီးအသင်း ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့ရပါက မိမိတို့အတွက် သတင်းကောင်းဖြစ်မည်ဟု ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ယခုတစ်ပတ်ပွဲစဉ်တွင် PSG ကို ရှုံးနိမ့်ခဲ့သည့်အတွက် အဆင့်(၂၅)နေရာသို့ ရောက်ရှိသွားခဲ့ပြီး ရှုံးထွက်အဆင့်နှင့် လွဲချော်ရဖွယ်ရှိနေသည်။

ယင်းအတွက် မန်စီးတီး ထွက်ခွာခဲ့ရပါက သတင်းကောင်းဖြစ်မည်လားဟု မေးမြန်းခဲ့ရာ အန်ဆယ်လော့တီက ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

အန်ဆယ်လော့တီက "မှန်ပါတယ်။ ဘာလို့လဲဆိုတော့ မန်စီးတီးက ချန်ပီယံလိဂ်ဖလားကို မျှော်မှန်းနိုင်တဲ့အသင်းတစ်သင်း ဖြစ်နေတာကြောင့်ပါ"ဟု ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ချန်ပီယံလိဂ် League Phase နောက်ဆုံးပွဲစဉ်အဖြစ် ကလပ်ဘရုဂေးအသင်းကို အိမ်ကွင်းတွင် လက်ခံကစားရမည်ဖြစ်ပြီး ယင်းပွဲတွင် အနိုင်ရမှာသာ ရှုံးထွက် (၁၆)သင်းအဆင့်အတွက် Play-offs ကစားရန် မျှော်လင့်နိုင်မည်ဖြစ်သည်။

မူရင်းသတင်း — Eleven Media Group