
ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါ့ဘာက ၎င်းင်းအနေဖြင့် ဥရောပထိပ်သီးလိဂ်များတွင် ယှဉ်ပြိုင်ကစားရန်သာ ဆန္ဒရှိသည်ဟု ပြောကြားခဲ့သည်။
ပေါ့ဘာ(၃၁ နှစ်)သည် မန်ယူနှင့် ဂျူဗင်တပ်စ်အသင်းများတွင်သာ ယှဉ်ပြိုင်ကစားဖူးသည့် ကစားသမားဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ဂျူဗင်တပ်စ်မှ မန်ယူသို့ ယူရို(၁၀၅)သန်းဖြင့် ပြောင်းရွှေ့ခဲ့ချိန်၌ ကမ္ဘာ့ဘောလုံးလောက၏ တန်ဖိုးအကြီးဆုံးအပြောင်းအရွှေ့ဖြင့် စံချိန်တင်ခဲ့သူဖြစ်သည်။
၎င်းသည် ၂၀၂၂ ခုနှစ်တွင် ဂျူဗင်တပ်စ်သို့ ပြန်လည်ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၃ ခုနှစ်၌ တားမြစ်ဆေးပြဿနာနှင့် ရင်ဆိုင်ခဲ့ရသည်။
ထို့ကြောင့် ၂၀၂၄ ဖေဖော်ဝါရီတွင် ပွဲပယ်ပြစ်ဒဏ် (၄)နှစ်ချမှတ်ခံခဲ့ရသော်လည်း ၂၀၂၄ အောက်တိုဘာ တွင် (၁၈)သို့ လျှော့ချခံခဲ့ရသည်။
ယင်းအတွက် မတ်လတွင် ဘောလုံးပြန်ကစားနိုင်မည်ဖြစ်ပြီး ဂျူဗင်တပ်စ်နှင့် စာချုပ်ဖျက်သိမ်းခဲ့ပြီဖြစ်၍ လက်ရှိတွင် အသင်းလက်မဲ့ဖြစ်နေသည်။
၎င်းကို ရုရှားကလပ်များက ကမ်းလှမ်းခဲ့သော်လည်း ငြင်းပယ်ခဲ့ပြီး ဥရောပထိပ်သီးလိဂ်များတွင် ယှဉ်ပြိုင်ကစားရန်သာ ဆန္ဒရှိသည်ဟု ပေါ့ဘာက ပြောကြားခဲ့ခြင်းဖြစ်သည်။