
ရီးယဲလ်အသင်း၏ တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်သည် ဘရက်စ်နှင့် ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။
ဗင်နီစီယပ်စ်သည် ဆာလ်ဇ်ဘာ့ဂ်နှင့် ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲတွင် အဝါကတ်ပြသခံရသည့်အတွက် အဝါကတ်(၃)ကြိမ် ရှိသွားခဲ့သည်။
ထို့ကြောင့် ဗင်နီစီယပ်စ်အနေဖြင့် ဘရက်စ်နှင့်ပွဲတွင် ပွဲပယ်ခံရမည်ဖြစ်ကြောင်း သိရသည်။
ရီးယဲလ်အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ရှုံးထွက်(၁၆)သင်းအဆင့်သို့ တိုက်ရိုက်တက်ရောက်ခွင့်ရရှိရန် ရုန်းကန်နေရသည်။
ရီးယဲလ်အသင်းအနေဖြင့် ဘရက်စ်နှင့်ပွဲတွင် အနိုင်ရရှိမှသာ ထိပ်ဆုံး(၈)သင်းစာရင်းဝင်ရန် မျှော်လင့်နိုင်မည်ဖြစ်ကြောင်း သိရသည်။