Eleven Media Group

■ ကစားသမားသစ် ခေါ်ယူမှုအားနည်းခြင်းအတွက် နစ္စတယ်ရွိုင်း စိတ်ပျက်နေ

လက်စတာအသင်း၏နည်းပြ နစ္စတယ်ရွိုင်းသည် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ကစားသမားသစ်ခေါ်ယူမှု အားနည်းခြင်းအတွက် စိတ်ပျက်နေကြောင်း သိရသည်။

နစ္စတယ်ရွိုင်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလတွင် လက်စတာအသင်း၏ နည်းပြသစ်အဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်သည်။

သို့သော် ၎င်းလက်ထက်တွင် လက်စတာအသင်းမှာရလဒ်များ ဆိုးရွားနေပြီး တန်းဆင်းဇုန်မှ လွတ်မြောက်ရန် ကြိုးပမ်းရမည်ဖြစ်သည်။

၎င်းက ဇန်နဝါရီတွင် အားဖြည့်မှုပြုလုပ်ရန် လိုလားနေသော်လည်း ပါးမားနောက်ခံလူ ကူလီဘာလီကို ပေါင်(၃)သန်းဖြင့် ခေါ်ယူခြင်းသာ ပြုလုပ် နိုင်သေးသည့်အတွက် စိတ်ပျက်နေခြင်းဖြစ်ကြောင်း သိရသည်။

လက်စတာအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ် (၂၂) အပြီးတွင် ရမှတ် (၁၄) မှတ်ဖြင့် အဆင့် (၁၉) နေရာ ရပ်တည်နေပြီး အဆင့် (၁၇) နေရာမှ ဝုလ်ဗ်အသင်း (၁၆ မှတ်)နှင့် (၂) မှတ်သာ ကွာဟသည်။

မူရင်းသတင်း — Eleven Media Group