Eleven Media Group

■ ဇင်ချန်ကိုအား ခေါ်ယူရန် ဒေါ့မွန်အသင်း စီစဉ်နေ

Photo: Getty Images

ဒေါ့မွန်အသင်းသည် အာဆင်နယ်အသင်းမှ ယူကရိန်းနောက်ခံလူ ဇင်ချန်ကိုကို ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။

ဇင်ချန်ကို(၂၈ နှစ်)သည် အာဆင်နယ်အသင်းတွင် အရန်ကစားသမားအဖြစ်သာ ရပ်တည်နေရပြီး အရောင်းစာရင်း တင်သွင်းခံထားရသူ ဖြစ်သည်။

ထို့ကြောင့် ဒေါ့မွန်အသင်းက ဇင်ချန်ကို၏အခြေအနေကို စောင့်ကြည့်နေပြီး ခေါ်ယူရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် ဇင်ချန်ကိုအား ယခု ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းမှာပင် ရောင်းထုတ်ရန်စီစဉ်ထားကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် ဇင်ချန်ကိုအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၃၀)ဝန်းကျင် ရရှိရန် လိုလားနေကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group