
ဒေါ့မွန်အသင်းသည် နည်းပြ နူရီဆာဟင်ကို ရာထူးမှထုတ်ပယ်ပြီးနောက် အစားထိုးခန့်အပ်ရန် နည်းပြသစ် ရှာဖွေလျက်ရှိရာ ၎င်းင်းတို့၏ နည်းပြသစ် လျာထားစာရင်းတွင် ဘက်တစ်နည်းပြ ပယ်လီဂရီနီလည်း ပါဝင်နေကြောင်း သိရသည်။
ဒေ့ါမွန်အသင်းသည် မန်ယူနည်းပြဟောင်း အဲရစ်တန်ဟက်ဂ်ကို အစားထိုးခန့်အပ်ရန် ကြိုးပမ်းနေသည်ဟု သတင်းထွက်နေသည်။
သို့သော် ဒေါ့မွန်အသင်းအနေဖြင့် တန်ဟက်ဂ်အပြင် ထိပ်တန်းနည်းပြအများအပြားကို ချိန်ရွယ်နေကြောင်း သိရသည်။
ပယ်လီဂရီနီ(၇၁ နှစ်)သည် မန်စီးတီးအသင်းကို ကိုင်တွယ်စဉ် ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူခဲ့ဖူးကြောင်း သိရသည်။