Eleven Media Group

■ ပရီးမီးယားလိဂ်ပွဲစဉ် (၂၃) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

ဘုန်းမောက် - နော်တင်ဟမ်ဖောရက်စ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၅ ရက် ည ၉:၃၀ နာရီ)
ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲမှာ တော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့ ပွဲတစ်ပွဲဖြစ်တယ်။ ဘုန်းမောက်က ရလဒ်ကောင်းတွေနဲ့အဆင့် (၇) နေရာမှာ ရပ်တည်နေတဲ့အသင်းဖြစ်သလို နော်တင်ဟမ်ကလည်း အကောင်းဆုံးပုံစံနဲ့အဆင့် (၃) နေရာမှာ ရပ်တည်နေတယ်။ ဘုန်းမောက်ရဲ့အိမ်ကွင်းရလဒ်က အရမ်းကောင်းပြီး နော်တင်ဟမ်အတွက် ခက်ခက်ခဲခဲကစားရမယ်။ ဘုန်မောက်ကို ကြိုက်တယ်။


ဘရိုက်တန် - အဲဗာတန် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၅ ရက် ည ၉:၃၀ နာရီ)
ဘရိုက်တန်က နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ မန်ယူနိုက်တက်ကို အိုးလ်ထရက်ဖို့ဒ်မှာ ဂိုးပြတ်သွင်းခဲ့တယ်။ လက်ရှိ အဆင့် (၉) နေရာမှာ ရပ်တည်နေတာက မလိုအပ်ဘဲ သရေပွဲတွေ များလွန်းတာကြောင့်ဖြစ်ပြီး အိမ်ကွင်း (၁၀) ပွဲမှာ (၃) ပွဲနိုင်၊ (၆) ပွဲတောင် သရေကျပြီး၊ (၁) ပွဲပဲ ရှုံးခဲ့တယ်။ ပထမအကျော့အဲဗာတန်ကွင်းမှာ ဘရိုက်တန်ဂိုးပြတ်နိုင်ထားတယ်။ ဒေးဗစ်မွိုက်စ်လက်ထက်ကို စောင့်ကြည့်ရမှာဖြစ်ပေမဲ့ ဘရိုက်တန်ပဲ နိုင်မယ်။


လီဗာပူးလ် - အစ်ဝစ်ချ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၅ ရက် ည ၉:၃၀ နာရီ)
လီဗာပူးလ်က နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း လိုင်လီကို အနိုင်ယူခဲ့ပြန်တယ်။ ပရီးမီးယားလိဂ်မှာရော၊ ချန်ပီယံလိဂ်မှာပါ ထိပ်ဆုံးက ဦးဆောင်နေတယ်။ Rhythm မှန်နေသလို၊ ယုံကြည်မှုမြင့်မားနေတယ်။ အိမ်ကွင်းရလဒ် အရမ်းကောင်းပြီး နိုင်သင့်တဲ့ပွဲတိုင်းလည်း နိုင်တယ်။ ချန်ပီယံလိဂ်ပွဲစဉ်မှာ ကစားသမားအချို့အနားပေးထားတယ်။ အစ်ဝစ်ချ်ကို အိမ်ကွင်းမှာ လီဗာပူးလ် ဂိုးပြတ်သွင်းမယ်။


ဆောက်သမ်တန် - နယူးကာဆယ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၅ ရက် ည ၉:၃၀ နာရီ)
နောက်ဆုံး ကစားခဲ့တဲ့ပွဲမှာ နယူးကာဆယ်က အံ့အားသင့်စရာရလဒ်အဖြစ် အိမ်ကွင်းမှာပဲ ဘုန်းမောက်ကို ဂိုးပြတ်ရှုံးခဲ့တယ်။ ဒါပေမဲ့ တစ်ပွဲတလေ ရလဒ်ချော်တာနဲ့ နယူးကာဆယ်ကို လျှော့မတွက်သင့်ဘူး။ နယူးကာဆယ်က အရည်အသွေးမြင့်သလို တိုက်စစ်ကလည်း ဂိုးသွင်းအားကောင်းတယ်။ ဆောက်သမ်တန်က ရုန်းကန်နေရတဲ့အသင်းပါ။ နယူးကာဆယ်ပဲ နိုင်မယ်။


ဝုလ်ဗ် - အာဆင်နယ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၅ ရက် ည ၉:၃၀ နာရီ)
အာဆင်နယ်က ပရိသတ်တွေရဲ့ဝေဖန်မှုကို ခံနေရပေမယ့် လက်ရှိမှာတော့ ပရီးမီးယားလိဂ်မှာ အဆင့် (၂) နေရာကနေ ရပ်တည်နေတယ်။ ပရီးမီးယားလိဂ်မှာ အဝေးကွင်းတော်တော်လေးအားကောင်းတဲ့အသင်းဖြစ်ပြီး (၅) ပွဲနိုင်၊ (၄) ပွဲသရေ၊ (၂) ပွဲ ရှုံးထားတယ်။ ဝုလ်ဗ်က အဆင့် (၁၇) မှာ ရပ်တည်နေတဲ့အသင်းဖြစ်ပြီး အိမ်ကွင်း (၁၀) ပွဲမှာ (၂) ပွဲပဲနိုင်ပြီး (၇) ပွဲအထိရှုံးထားလို့ ဒီပွဲမှာလည်း အာဆင်နယ်ကို အိမ်ကွင်းကစားရမှာဖြစ်ပေမဲ့ အသာစီးရဖို့ မလွယ်ပါဘူး။ အာဆင်နယ်က ပရီးမီးယားလိဂ် နောက်ဆုံး (၅) ပွဲမှာ ရှုံးပွဲမရှိဘဲ (၃) ပွဲနိုင် (၂) ပွဲသရေ ကစားထားတာပါ။ ဝုလ်ဗ်က Set-piece တွေကနေ ပေးရတဲ့ ဒီရာသီပေးဂိုး (၁၉) ဂိုးရှိပြီး အာဆင်နယ်က ဒီအပိုင်းမှာ အားအကောင်းဆုံးဖြစ်နေတယ်။ လက်ရှိခြေစွမ်းအရလည်း ဒီနှစ်သင်း ကြားကွာဟချက်ကြီးပါတယ်။ အဝေးကွင်းဖြစ်ပေမဲ့ အာဆင်နယ်ပဲ အနိုင်ရလိမ့်မယ်။


မန်စီးတီး - ချယ်လ်ဆီး (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၅ ရက် ည ၁၂:၀၀ နာရီ)
Top 4 နေရာအတွက် ပြင်းထန်တဲ့ တိုက်ပွဲတစ်ခုလို့ ပြောရမယ်။ ပုံမှန်အားဖြင့်် မန်စီးတီးအသင်း အမှတ်ပေးချန်ပီယံပြေးလမ်းကြောင်းမှာ အားကောင်းနေလေ့ရှိပေမဲ့ အခုတစ်ကြိမ်ကတော့ မန်စီးတီးရဲ့အဓိက အလုပ်က ထိပ်ဆုံး (၄) သင်းဝင် ရေးဖြစ်နေတယ်။ ဒီနှစ်သင်း ပထမအကျော့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကစားခဲ့တုန်းက မန်စီးတီးက ရာသီအဖွင့်ပွဲစဉ်ကို (ဝ-၂) ဂိုးနဲ့ အနိုင်ရခဲ့တယ်။ ချယ်လ်ဆီးက ပရီးမီးယားလိဂ်မှာ (၅) ပွဲဆက်နိုင်ပွဲပျောက်ဆုံးခဲ့ပြီးမှ ပြီးခဲ့တဲ့ ဝုလ်ဗ်နဲ့ပွဲမှာ နိုင်ပွဲစတင်ရရှိခဲ့ပြီး မန်စီးတီးကတော ့နောက်ဆုံး (၄) ပွဲမှာ (၁၀) မှတ်အထိ ယူနိုင်ခဲ့လို့ ရလဒ်ပိုင်းပြန်တက်လာတယ်လို့ပြောနိုင်တယ်။ ဒီပွဲအတွက်လည်း မန်စီးတီးက ပိုမိုအလေးသာတဲ့အနေအထားဖြစ်ပြီး အထူးသဖြင့်တော့ မန်စီးတီးရဲ့အိမ်ကွင်းရလဒ်ကြောင့်ပဲ ပြောရမယ်။ ဂိုးတော့ မပြတ်နိုင်ပါဘူး။ မန်စီးတီး (၂-၁) လောက်ပဲ ဖြစ်မယ်။

မူရင်းသတင်း — Eleven Media Group