
မာယော့ကာ - ဘက်တစ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၅ ရက် ည ၇:၃၀ နာရီ)
ဘက်တစ် ကစားပုံပြန်ကျနေပြီး ဂိုးသွင်းနှုန်းလည်း ကျနေတယ်။ ဘက်တစ်ရဲ့တိုက်စစ်နဲ့ဆို အိမ်ကွင်းမာတဲ့ မာယော့ကာကို ဂိုးရဖို့ မလွယ်ဘူး။ ဂိုးအနည်းသရေပွဲလို့ပဲ မှန်းထားချင်တယ်။
အက်သလက်တီကို - ဗီလာရီးယဲလ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၅ ရက် ည ၉:၄၅ နာရီ)
အက်သလက်တီကိုက ချန်ပီယံလိဂ်ပြန်ဝင်လာချိန်မှာ အာရုံများသွားပုံပဲ။ လီဟာနက်စ်ကို မထင်မှတ်ဘဲ အရေးနိမ့်ပြီး (၁၆)ပွဲဆက် ရှုံးပွဲမရှိစံချိန်ပါ ရပ်တန့်သွားတယ်။ အခုလည်း အိမ်ကွင်းဆိုပေမဲ့ ဗီလာရီးယဲလ်နဲ့ ကစားရမှာဖြစ်လို့ အက်သလက်တီကို ဂရုတစိုက်ကစားဖို့ လိုတယ်။ ဒီနှစ်သင်းတွေ့ရင် အများ အားဖြင့် အပြန်အလှန်ဂိုးတွေသွင်းလေ့ရှိလို့ အက်သလက်တီကိုနဲ့ ဂိုးအများပဲ ဦးစားပေးရွေးထားရမယ့်ပွဲ ဖြစ်နေတယ်။
ဆီဗီလာ - အက်စ်ပန်ညို (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၅ ရက် ည ၁၂:၀၀ နာရီ)
အစဉ်အလာဆိုရင်တော့ ဆီဗီလာကို အက်စ်ပန်ညို ယှဉ်နိုင်လေ့ သိပ်မရှိဘူး။ နောက်ပြီး အက်စ်ပန်ညိုရဲ့ အဝေးကွင်းကစားပုံကလည်း အားနည်းနေသေးတယ်။ ဆီဗီလာကတော့ နောက်ဆုံး (၂) ပွဲမှာ ရှုံးပွဲမရှိကစားပြီး အားပြန်ယူနေပုံရတယ်။ အိမ်ကွင်းငြိမ်တဲ့ ဆီဗီလာနဲ့ ဂိုးအများပဲ ရွေးထားလိုက်တယ်။
ဗယ်လာဒိုလစ် - ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၂၆ ရက် နံနက် ၂:၃၀ နာရီ)
ရီးယဲလ်မက်ဒရစ်ကတော့ ထိပ်ဆုံးရောက်သွားချိန် ချန်ပီယံလိဂ်မှာလည်း အရေးကြီးပွဲ (၂) ပွဲ ဆက်တိုက်ကစားရမယ့်အချိန်ကြားမှာ ဗယ်လာဒိုလစ်လိုအသင်းနဲ့ လာတွေ့နေလို့ ကံဖေးမတယ်ပဲ ပြောရမလို ဖြစ်နေတယ်။ ဗယ်လာဒိုလစ်ရဲ့ ဒီရာသီခြေစွမ်းက အိမ်ကွင်းမဆိုးလှပေမဲ့ ရီးယဲလ်မက်ဒရစ်လို အသင်းကြီးကိုတော့ တောင့်ခံနိုင်မယ့် အခြေအနေမှာ မရှိသေးဘူး။ အစဉ်အလာတွေအရလည်း ရီးယဲလ်မက်ဒရစ်နဲ့တွေ့တိုင်း ရှုံးသလို ဖြစ်နေလို့ အခုပွဲလည်း ဗယ်လာဒိုလစ် ဂိုးနည်းနည်းနဲ့ ရှုံးမလား၊ များများနဲ့ ရှုံးမလားပဲ စောင့်ကြည့်ရမလို ဖြစ်နေတယ်။ ရီးယဲလ်မက်ဒရစ်ကလည်း ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်နိုင်ရေး အဆုံးအဖြတ်ပွဲတွေ ကစားနေရချိန်ဆိုတော့ ဗယ်လာဒိုလစ်နဲ့ပွဲကို အင်အားချွေတာပြီး နိုင်ရုံလောက်ပဲ ကစားမယ့်ပုံပေါ်နေတယ်။ ဒါကြောင့် ရီးယဲလ် နိုင်မယ်။ ဂိုးတော့ နည်းနိုင်မယ့်ပွဲဖြစ်နေတယ်။